Victory Day အခမ်းအနားသို့ တက်ရောက်ရန် အိန္ဒိယသမ္မတ ဘင်္ဂလားဒေ့ရှ်သို့ ဒီဇင်ဘာ ၁၅ ရက်တွင် လာရောက်မည်

By NDTV
26 November 2021
Victory Day အခမ်းအနားသို့ တက်ရောက်ရန် အိန္ဒိယသမ္မတ ဘင်္ဂလားဒေ့ရှ်သို့ ဒီဇင်ဘာ ၁၅ ရက်တွင် လာရောက်မည်

အိန္ဒိယသမ္မတ ရမ်နက်ကိုဗင်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဒီဇင်ဘာ ၁၆ ရက်တွင် လာရောက်ကာ Victory Day အခမ်းအနားများသို့ တက်ရောက်မည်ဖြစ်သည်။

သမ္မတကိုဗင်သည် ဘင်္ဂလားဒေ့ရှ် သမ္မတ အဗ္ဗဒူဟာမစ်၏ ဖိတ်ကြားချက်အရ အိန္ဒိယသို့ ၂ ရက်ကြာလာရောက်မည် ဖြစ်ကြောင်း Daily Star သတင်းတွင် ဖော်ပြထားသည်။

“အိန္ဒိယ ရဲ့ ၁၄ ဆက်မြောက် သမ္မတဟာ ဘင်္ဂလားရှေ့ ကို ပထမဆုံးအကြိမ် လာရောက်ခြင်း ဖြစ်ပါတယ်” ဟု နိုင်ငံခြားရေဂဝန်ကြီး အေကေ အဗ္ဗမိုမန်က ပြောကြားသည်။

Dhaka Tribune တွင် သတင်းဖော်ပြချက်အရ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တို့သည် လာမည်လတွင် Maitri Diwas နှင့် Victory Day အထိမ်းအမှတ်အဖြစ ပွဲတော်အသီးသီးကို ဒီဇင်ဘာ ၆ ရက်နှင့် ၁၆ ရက်တို့တွင် အသီးသီး ကျင်းပမည်ဖြစ်သည်။

Victory Day ပျော်ပွဲရွှင်ပွဲအပြင် သမ္မတအနေဖြင့် တက်ရောက်ခွင့်ရမည်ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်သည် ရှိတ်မူဂျီဘာရာမန်၏ နှစ်၁၀၀ ပြည့် မွေးနွေးအထိမ်အမှတ်နှင့် နို်ငငံစစ်ဘေးမှ လွှတ်မြောက်သည့် နှစ် ၅၀ ပြည့်အထိမ်းအမှတ်တို့ကို ကျင်းပလျက်ရှိသည်။ နှစ်နို်ငငံအကြား သံတမန်ထူထောင်မှု နှစ် ၅၀ ပြည့် အထိမ်းအမှတ်ကိုလည်း အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တို့က ကျင်းပ ပြုလုပ်လျက်ရှိသည်။

ပါကစ္စတန်တပ်များက ၁၉၇၁ ခုနှစ်၊ မတ် ၂၅ ရက် ညသန်းကောင်အချိန်တွင် ထိုအချိန်က အရှေ့ပါကစ္စတန်ဟု သတ်မှတ်ထားသည့် ဒေသတွင် ဖြိုခွင်းမှုများ ပြုလုပ်ခဲ့သောကြောင့် ဘင်္ဂလားဒေ့ရှ် လွတ်မြောက်ရေး စစ်ပွဲ ဖြစ်ပွားကာ ထိုနှစ် ဒီဇင်ဘာ ၁၆ ရက်တွင် ပြီးဆုံးခဲ့သည်။

လွတ်မြောက်ရေးတပ်ဖွဲ့ဝင်များနှင့် အိန္ဒိယ စစ်သားများနှင့် ဖွဲ့စည်းထားသည့် မဟာမိတ်တပ်ဖွဲ့များထံ ပါကစ္စတန်တပ်များက အကြွင်းမဲ့ လက်နက်ချခဲ့သည်။

၉ လကြာမြင့်သည့် စစ်ပွဲအတွင်း တရားဝင်အရေအတွက်ဖြင့် လူ ၃ သန်း သေဆုံးခဲ့သည်။

အိန္ဒိယက ဘင်္ဂလားဒေ့ရှ်ကို ၁၉၇၁ ခုနှစ်တွင် အသိအမှတ်ပြုခဲ့သည့် ဒီဇင်ဘာ ၆ ရက်ကို နှစ်နိုင်ငံအကြား ချစ်ကြည်ရေးနေ့အဖြစ် သတ်မှတ်ခဲ့သည်။

ဝန်ကြီးချုပ် နာရင်ဒရာမိုဒီသည် ဘင်္ဂလားဒေ့ရှ်သို့ မတ်လအတွင်းက သွားရောက်ခဲ့ပြီး ဝန်ကြီးချုပ် ရှိတ်ခ် ဟာစီနာနှင့် တွေ့ဆုံခဲ့သည်။ ၎င်းတို့နှစ်ဦးအကြား နှစ်နိုင်ငံဆက်ဆံရေးကိစ္စရပ်များ၊ စီးပွားရေးနှင့် ယဉ်ကျေးမှု အချိတ်အဆက် ပိုမိုအားကောင်းရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။

အဆိုပါ ခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား ချိတ်ဆက်ရေး၊ ကူးသန်းရောင်းဝယ်ရေး၊ သတင်းအချက်အလက် နည်းပညာနှင့် အားကစားကိစ္စရပ်များအတွက် နားလည်မှုစာချွန်လွှာများကို လက်မှတ်ရေးထိုးခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly