တိဗက်အခွင့်အရေးအဖွဲ့များက ၂၀၂၂ ခုနှစ် ပေကျင်းဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲကို ပြင်သစ်တွင် ဆန့်ကျင်ဆန္ဒပြ

တိဗက်အခွင့်အရေးအဖွဲ့များက ၂၀၂၂ ခုနှစ် ပေကျင်းဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲကို ပြင်သစ်တွင် ဆန့်ကျင်ဆန္ဒပြ

လွတ်လပ်သောတိဗက်ဆိုင်ရာကျောင်းသားအဖွဲ့ (SFT) ၊ပြင်သစ် တိဗက်လူငယ်ကွန်ဂရက်၊ ပြင်သစ် U-Tsang အသင်း၊ Chushi Gangdruk ၊ပြင်သစ် Domey အသင်းနှင့် တိဗက်အသိုက်အဝန်း အဖွဲ့အစည်းများအပါအဝင် တိဗက်လူ့အဖွဲ့အစည်း ၆ ဖွဲ့က ၂၀၂၂ ခုနှစ် ပေကျင်း ဆောင်းရာသီ အိုလံပစ်ပွဲတော်ကို ဆန့်ကျင်သည့်အနေဖြင့် ပဲရစ်မြို့၌ နိုဝင်ဘာ ၂၀ ရက်က ဆန္ဒပြပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။

ဆန္ဒပြပွဲတွင် အဓိကဟောပြောသူမှာ တိဗက်ရုပ်ရှင်ရိုက်ကူးသူနှင့် နိုင်ငံရေးအကျဉ်းသားဟောင်း ဒွန်ဒပ်ဝမ်ချန်ဖြစ်ပြီး ၂၀၂၂ ခုနှစ် ပေကျင်းအိုလံပစ်ပြိုင်ပွဲကို သပိတ်မှောက်ရေး နိုင်ငံရေးသမားများ၊ ဂျာနယ်လစ်များနှင့် နိုင်ငံသားများအား တောင်းဆိုရန် နိုင်ငံပေါင်း ၂၂ နိုင်ငံ လှည့်လည် သွားလာနေသူ ဖြစ်သည်။

ဝမ်ချန်သည်ဟောပြောမှုအတွင်း တရုတ်နိုင်ငံ၌ နိုင်ငံရေးအကျဉ်းသားဘဝ အတွေ့အကြုံများနှင့် တိဗက်တွင် ယိုယွင်းပျက်ဆီးနေသော လူ့အခွင့်အရေး အခြေအနေများကို ပြောပြခဲ့သည်။ ၎င်း၏ခရီးစဉ်အတွင်း ဝမ်ချန်သည် ကမ္ဘာတစ်ဝှမ်းရှိလူများထံမှ ဗီဒီယိုမက်ဆေ့ချ်များကို မှတ်တမ်းတင်ရိုက်ကူးပြီး ခရီးစဉ်ပြီးဆုံးချိန်တွင် နိုင်ငံတကာအိုလံပစ်ကော်မတီ (IOC) သို့ တင်ပြမည်ဖြစ်သည်။

ဝမ်ချန်က သူ၏ဇာတ်ကြောင်းနှင့်စိတ်ခံစားမှုဆိုင်ရာအတွေ့အကြုံသည် တိဗက်ကို ၂၀၂၂ ပေကျင်းအိုလံပစ်အားကစားပြိုင်ပွဲ ရှေ့မှောက်ရောက်စေမည်ဟု ရည်မှန်းကာ ၂၀၀၈ ခုနှစ် ပေကျင်းအိုလံပစ် အားကစားပွဲအပြီးတွင် တရုတ် အကျဉ်းသားများ၏ ကိုယ်တွေ့အတွေ့အကြုံများနှင့် တိဗက်ပြည်တွင်းရှိ တိဗက်လူမျိုးများ၏ ဆင်းရဲဒုက္ခများကို ပြောပြရန် သတင်းထောက်များ၊ နိုင်ငံရေးသမားများနှင့် လူပုဂ္ဂိုလ်များနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း ဗဟိုတိဗက်အုပ်ချုပ်ရေး (CTA) က ဖော်ပြသည်။

တရုတ်အစိုးရသည် အိုလံပစ်စံနှုန်းများနှင့်အညီ ၎င်း၏ လူ့အခွင့်အရေးစွမ်းဆောင်ရည်ကို မြှင့်တင်မည်ဟူသော ကတိကဝတ်များဖြင့် ၂၀၀၈ အိုလံပစ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ရရှိခဲ့သည်။ သို့သော် ကတိကဝတ်များ မလိုက်နာဘဲ တိဗက်တွင် လူ့အခွင့်အရေး အခြေအနေ ဆက်လက်ဆိုးရွားနေခဲ့သည်။

ဝမ်ချန်သည် တိဗက်ပြည်သူများအတွက် “အကြောက်တရားများကို ချန်ထားခဲ့” ဟူသော ရုပ်ရှင်ကိုလည်း ထုတ်လွှင့်ပြသမှာဖြစ်ပြီး ရုပ်ရှင်ရိုက်ကူးစဉ်အတွင်းက အတွေ့အကြုံနှင့်ဒုက္ခများကို ပြောပြသွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly