RCSS ဌာနချုပ်တွင် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ အခမ်းအနား ပြုလုပ်

RCSS ဌာနချုပ်တွင် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ အခမ်းအနား ပြုလုပ်

နိုဝင်ဘာ ၂၅

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်း ဖက်မှု ပပျောက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ဌာနချုပ် လွယ်တိုင်းလျဲန်း၌ ယနေ့နို၀င်ဘာလ ၂၅ရက်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားကို RCSS ၏ ကျန်းမာရေးဌာန Shan Health Committee, Relief International နှင့် ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) တို့ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး အမျိုးသမီးများအပေါ်အကြမ်းမဖက်ရေး အသိပညာပေး ဆွေးနွေးခြင်း၊ ဖဲကြိုးဖြူ လှုပ်ရှားမှုများ လုပ်ဆောင်ခြင်းများကို ပြုလုပ်ခဲ့ကြသည်။

ဖဲကြိုးဖြူ လှုပ်ရှားမှုတွင် RCSS တပ်ဖွဲ့မှ အရာရှိနှင့်တပ်ဖွဲ့ဝင်များအပါအဝင် ဒေသခံပြည်သူ ဦးရေ ၁၅၀ ခန့် ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required