မန္တလေး စုပေါင်းရုံးအတွင်း ဗုံးပေါက်

မန္တလေး စုပေါင်းရုံးအတွင်း ဗုံးပေါက်

နိုဝင်ဘာ ၂၅

မန္တလေးမြို့၊ လမ်း (၃၀) စုပေါင်းရုံး၌ ယနေ့ နိုဝင်ဘာလ ၂၅ ရက် နေ့လယ်ပိုင်းတွင် ဗုံးတစ်လုံး ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီ တပ်သားနှစ်ဦး အပြင်းအထန် ဒဏ်ရာရသွားကြောင်း မြို့ခံ တစ်ဦးက ပြောသည်။

“အုန်းခနဲ အသံကြားတာနဲ့ အဲဒီဘက် လှည့်ကြည့်မိတာပဲ။ ဘာလို့လည်း ဆိုတော့ အဲဒီဘက်မှာ စစ်သား အစောင့်တွေ ရှိတယ်လေ။ ယူနီဖောင်းနဲ့ စစ်သားလား ရဲလားတော့ မသဲကွဲဘူး။ နှစ်ယောက် လဲကျသွားတာ ဖျတ်ခနဲ မြင်လိုက်ရတယ်။ ပြန်ကြားတာတော့ ဒဏ်ရာ အတော် ပြင်းတယ် ” ဟု မျက်မြင် တွေ့လိုက်ရသူ မြို့ခံက ပြောသည်။

ချမ်းအေးသာစံမြို့နယ် လမ်း (၃၀)၊ (၆၈)လမ်းနှင့် (၆၉) လမ်းကြားရှိ အစိုးရရုံးများ ရှိရာ စုပေါင်းရုံးဝင်း အတွင်း စစ်ကောင်စီက လုံခြုံရေးချထားသည့် နေရာတွင် ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။

ယခု ဖောက်ခွဲမှုကို မည်သည့် အဖွဲ့က လုပ်ဆောင်သည်ကိုမူ မသိရှိရသေးပေ။

အဆိုပါ ရုံးဝင်းအတွင်း တရားလွှတ်တော် အနီး၌ ပြီးခဲ့သည့် အောက်တိုဘာလ အတွင်းကလည်း ဗုံးပေါက်ကွဲမှု တစ်ကြိမ် ဖြစ်ခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly