နိုဝင်ဘာ ၂၅
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းနှင့် ယင်းမာပင်မြို့နယ် အရှေ့ခြမ်းတွင်ရှိသော ကျေးရွာများ စုပေါင်း၍ ယနေ့ နိုဝင်ဘာလ ၂၅ ရက်တွင် ချီတက်ဆန္ဒပြကြသည်။
စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြမှု ၂၆၀ ရက်မြောက် အဖြစ် ချီတက်ကြခြင်း ဖြစ်သည်။
ရွာပေါင်းစုံ သပိတ်စစ်ကြောင်းသည် စစ်အာဏာသိမ်းပြီးနောက် မတ်လ ၉ ရက်မှ စတင် ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။