မန္တလေးမြို့ နေရာအချို့ ဗုံးပေါက်

မန္တလေးမြို့ နေရာအချို့ ဗုံးပေါက်

နိုဝင်ဘာ ၂၅

မန္တလေးမြို့ နေရာအချို့၌ ယနေ့ နိုဝင်ဘာလ ၂၅ ရက်တွင် ဗုံးများ ပေါက်ကွဲခဲ့ကြောင်း မြို့ခံများထံက သိရသည်။

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ ရုံးအနီး၌ ယနေ့ နံနက် ၆ နာရီခန့်တွင် ဗုံးပေါက်ကွဲခဲ့ပြီး တစ်မြို့လုံးရှိ CCTV ကင်မရာများကို ချိတ်ဆက်ထားသည့် Network ကေဘယ်လ်ပုံး အခွဲခံရခြင်း ဖြစ်သည်ဟု သိရသည်။

မန္တလေးမြို့၏ မီးပွိုင့်အများစုတွင် တပ်ဆင်ထားသည့် CCTV များကို စည်ပင်ရုံးအတွင်းမှ နေ၍ စောင့်ကြည့် ထိန်းချုပ်မှုများ ပြုလုပ်နေသည်ဟု မြို့ခံများက ယူဆထားသည်။

မန္တလေးတိုင်း ၊ အမရပူရမြို့တွင်လည်း ယနေ့ နံနက်ပိုင်းတွင် နေရာ နှစ်နေရာ၌ လက်လုပ်မိုင်းများ ပေါက်ကွဲခဲ့ပြီး နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။ အဆိုပါ ပေါက်ကွဲခဲ့သည့် နေရာ နှစ်နေရာကိုမူ မဇ္ဈိမ က အတိအကျ မသိရှိရသေးပေ။

ထို့အပြင် မန္တလေး စျေးချိုတော်အနီး အပါအဝင် နေရာအချို့၌ မကွဲသေးသည့် ဗုံးများ တွေ့ရှိ ခဲ့ကြောင်းလည်း မြို့ခံများထံက သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly