ဆွီဒင်ရဲ့ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ်ဖြစ်လာသူ နာရီပိုင်းအတွင်း ရာထူးက နုတ်ထွက် 

ဆွီဒင်ရဲ့ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ်ဖြစ်လာသူ နာရီပိုင်းအတွင်း ရာထူးက နုတ်ထွက် 

နိုဝင်ဘာ ၂၅

ဆွီဒင်နိုင်ငံမှာ ဝန်ကြီးချုပ်အဖြစ် ရွေးကောက်တင်မြှောင်ခံရတဲ့ မက်ဒဲလ်လီနာ အန်ဒါဆန်ဟာ သူ့ကို လွှတ်တော်က ရွေးကောက်တင်မြှောက်ပြီး နာရီပိုင်းအတွင်းမှာပဲ ဗုဒ္ဓဟူးနေ့မှာ ဝန်ကြီးချုပ်အဖြစ်ကနေ နုတ်ထွက်စာ တင်ခဲ့ပါတယ်။ 

သူ့ ဘတ်ဂျက်ကို လွှတ်တော်မှာ အတည်မပြုနိုင်တာနဲ့ ညွန့်ပေါင်းအစိုးရအဖွဲ့ကနေ ပါတီငယ် Green Party ထွက်ခွာသွားတဲ့နောက် ခုလို နုတ်ထွက်လိုက်တာပဲ ဖြစ်ပါတယ်။ 

ဝန်ကြီးချုပ်အဖြစ် အန်ဒါဆန်ဟာ မကြုံဖူးလောက်အောင် သက်တမ်းတိုတောင်းပေမယ့် ဆွီဒင်နိုင်ငံရဲ့ သမိုင်းမှာတော့ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ်အဖြစ် မှတ်တမ်းဝင်သွားပါတော့တယ်။ သူ့အနေနဲ့ ရာထူးတာဝန်တာ ဆက်လက်ရယူထမ်းဆောင်ရင် လာမယ့် သောကြာနေ့မှာ တရားဝင် ရာထူးထမ်းဆောင်ရတော့မှာ ဖြစ်ပါတယ်။ 

Social Democrats ပါတီတစ်ခုတည်းနဲ့ ဖွဲ့စည်းတဲ့ အစိုးရမှာ ခေါင်းဆောင်အဖြစ်နဲ့ အခု ဝန်ကြီးချုပ်ရာထူးကို မကြာခင် ပြန်လည်ရွေးကောက်ခံရဖို့ မျှော်လင့်ထားတယ်လို့ ဘဏ္ဍာရေးဝန်ကြီးအဖြစ် ခုနစ်တာ လုပ်ကိုင်ခဲ့တဲ့ အသက် ၅၄ နှစ်အရွယ် စီးပွားရေးပညာရှင် အန်ဒါဆန်က ပြောပါတယ်။ 

“ဖွဲ့စည်းပုံ အစဉ်အလာအရ ပါတီတစ်ရပ် ထွက်ခွာရင် ညွန့်ပေါင်းအစိုးရဟာ နုတ်ထွက်သင့်တာ ဖြစ်ပါတယ်”လို့ အန်ဒါဆန်က ပြောပါတယ်။  

“တရားဝင်မှုကို မေးခွန်းထုတ်စရာ ရှိနေမယ့် အစိုးရကို ကျွန်မ မဦးဆောင်ချင်ဘူး”လို့ သူက ဆိုပါတယ်။ 

အန်ဒါဆန်ဟာ ဗုဒ္ဓဟူးနေ့ လွှတ်တော်မှာ ထောက်ခံမဲရဖို့ အပြန်အလှန်အနေနဲ့ Left Party ရဲ့ ပင်စင်ခတိုးရေး မူဝါဒကို နောက်ဆုံး မိနစ်အလိုမှာ သဘောတူညီချက် ရယူခဲ့ပြီးနောက် လွှတ်တော်မှာ ဝန်ကြီးချုပ်အဖြစ် ရွေးကောက်တင်မြှောက်ခံရတာ ဖြစ်ပါတယ်။ 

ဒါပေမဲ့ ပါတီငယ် Centre Party က Left နဲ့ အပေးအယူ လုပ်ထားတဲ့ အန်ဒါဆန်ရဲ့ ဘတ်ဂျက်မူကြမ်းကို ထောက်ခံမှု ရုပ်သိမ်းလိုက်တာကြောင့် လွှတ်တော်မှာ အတည်မပြုနိုင်ဘဲ ဖြစ်ခဲ့ရတာပါ။ 

ဒီ ဘတ်ဂျက်မူကြမ်းအစား အတိုက်အခံ ပါတီတွေ ဖြစ်ကြတဲ့ Moderates၊ Christian Democrats နဲ့ လက်ယာစွန်း Sweden Democrats တို့ တင်သွင်းတဲ့ ဘတ်ဂျက်ကို လွှတ်တော်မှာ အတည်ပြုလိုက်နိုင်တာ ဖြစ်ပါတယ်။ 

အတည်ပြုတဲ့ ဘတ်ဂျက်နဲ့လည်း အုပ်ချုပ်ရေးကို ကောင်းကောင်းနိုင်နင်းတယ်လို့ အန်ဒါဆန်က ခပ်ပြတ်ပြတ် ပြောဆိုပါတယ်။ 

ဒါပေမဲ့ ပြင်းထန်ပြီး အံ့အားသင့်ဖွယ် ထိုးနှက်ချက်ကတော့ Green ပါတီ ခေါင်းဆောင် ပါးဘိုလန်းက “အတိုက်အခံတွေရဲ့ သမိုင်းတွင် ဘတ်ဂျက်ကို သူ့ ပါတီအနေနဲ့ သည်းခံနိုင်မှာ မဟုတ်ဘူး၊ ဒါကြောင့် အစိုးရအဖွဲ့က နုတ်ထွက်တယ်”လို့ ပြောဆိုလာတာပဲ ဖြစ်ပါတယ်။ 

အတိုက်အခံတွေရဲ့ လောင်စာဆီမှာ အခွန်လျှော့ချမယ့် မူကလည်း ကာဗွန်ထုတ်လွှတ်မှုကို မြင့်တက်စေလိမ့်မှာ ဖြစ်တာကြောင့် လက်ခံစရာ အကြောင်းမရှိဘူးလို့ သူက ပြောခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required