ဒါကာတက္ကသိုလ်ရှိ Raju အထိမ်းအမှတ်နေရာရှေ့၌ ပါကစ္စတန်ဆန့်ကျင်ရေးဆန္ဒပြပွဲ ပြုလုပ်

ဒါကာတက္ကသိုလ်ရှိ Raju အထိမ်းအမှတ်နေရာရှေ့၌ ပါကစ္စတန်ဆန့်ကျင်ရေးဆန္ဒပြပွဲ ပြုလုပ်

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် Maktijoddha manch အဖွဲ့၏ တက်ကြွလှုပ်ရှားသူများသည် ပါကစ္စတန်အလံ ပိုစတာများကို မီးရှို့ရင်း ပါကစ္စတန်ဆန့်ကျင်ရေး ဆန္ဒပြမှုတစ်ရပ်ကို လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။ အစ္စလမ်မာဘတ်ကနေ ဒါကာသို့ ရောက်လာပြီး ဒါကာတက္ကသိုလ် အားကစားကွင်းတွင် အလံများ ကိုင်မြှောက်ခဲ့သည့် ခရစ်ကက်ကစားသမားများ၏ ခရီးစဥ်ကို ၎င်းတို့က ဆန့်ကျင်ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

Maktijoddha manch အဖွဲ့မှ တက်ကြွလှုပ်ရှားသူများသည် တက္ကသိုလ်ရှိ Raju အထိမ်းအမှတ် ရုပ်တုနေရာ၌ ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ် ဟာစီနာကို ပစ်မှတ်ထားသည့် ၂၀၀၄ ခုနှစ် လက်ပစ်ဗုံး တိုက်ခိုက်မှုဖြစ်စဥ်နှင့်ပတ်သက်ပြီး ယခုနှစ် သြဂုတ်လအစောပိုင်းက Maktijoddha manch အဖွဲ့သည် ဒါကာရှိ ပါကစ္စတန်သံရုံးရှေ့တွင် ဆန္ဒပြပွဲ ပြုလုပ်ခဲ့ကြသေးသည်။

၂၀၀၄ ခုနှစ် သြဂုတ်လ ၂၁ ရက်တွင် ထိုစဥ်က အတိုက်အခံခေါင်းဆောင်ဖြစ်နေခဲ့သည့် ဟာစီနာသည် လူထုစည်းဝေးပွဲများအနက် တစ်ခုအတွင်း ပါကစ္စတန် ပူးပေါင်းကြံစည်သူများ၏ ပစ်မှတ်ထားတိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။

ထိုဖြစ်စဥ်တွင် အနည်းဆုံး လူ ၂၄ ဦး သေဆုံးပြီး လူ ၃၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ပူးပေါင်းကြံစည်သူများသည် လက်ပစ်ဗုံးများကို အသုံးပြုခဲ့သည်။

Maktijoddha manch သည် Chhatra League (BCL) ဟု ခေါ်သည့် အဖွဲ့၏ အဖွဲ့ဝင် အများစုဖြင့် ဖွဲ့စည်းထားသည့် လွတ်လပ်မှုအတွက် တိုက်ပွဲဝင်သူများမှ ဆင်းသက်လာသူများ၏ ပလက်ဖောင်းတစ်ခုဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly