ကာကွယ်ဆေး အပြည့်အဝထိုးပြီးသည့် အိန္ဒိယနို်ငငံသားများကို စင်ကာပူက ဝင်ရောက်ခွင့်ပြုမည်

ကာကွယ်ဆေး အပြည့်အဝထိုးပြီးသည့် အိန္ဒိယနို်ငငံသားများကို စင်ကာပူက ဝင်ရောက်ခွင့်ပြုမည်

ကာကွယ်ဆေး အပြည့်အဝထိုးပြီးသည့် အိန္ဒိယနိုင်ငံသားများအနေဖြင့် နိုဝင်ဘာ ၂၉ ရက်မှစတင်၍ စင်ကာပူသို့ လာရောက်ခွင့် ပြုတော့မည်ဖြစ်သည်။

အထူးအစီအစဉ်တစ်ရပ်ဖြစ်သည့် ‘ကာကွယ်ဆေးထိုးပြီးသူများ ဝင်ရောက်သည့် လမ်းကြောင်း’ (VTL) ဖြင့် စင်ကာပူသို့ ရောက်ရှိလာသည့်အခါ အိမ်တွင်း၌သာ နေထိုင်ရမည့် သတ်မှတ်ချက် (SHN) မှ ကင်းလွတ်ခွင့်ရမည်ဖြစ်သော်လည်း မရောက်ရှိမီ ၂ ရက်အလိုနှင့် ရောက်သည့်အချိန်တို့တွင် ကိုဗစ်-၁၉ ကင်းရှင်းကြောင်း စစ်ဆေးမှု ခံယူရမည်ဖြစ်ကြောင်း စင်ကာပူ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

“နှစ်နိုင်ငံ ဝန်ကြီးချုပ်များ ဖြစ်ကြသည့် နာရင်ဒရာမိုဒီနှင့် လီရှန်လွန်းတို့အကြား ဆွေးနွေးပြီးနောက် ကာကွယ်ဆေး အပြည့်အဝထိုးပြီးသား အိန္ဒိယနို်ငငံသားများကို VTL အစီအစဉ်ဖြင့် နိုဝင်ဘာ ၂၉ ရက်မှစတင်ပြီး လာရောက်ခွင့် ပြုသွားမည်ဖြစ်သော်လည်း ပုံမှန်ခရီးသည်တင် လေယာဉ်ခရီးစဉ်များကို ဆိုင်းငံ့ထားဦးမည်ဖြစ်သည်” ဟု အိန္ဒိယနိုင်ငံရှိ စင်ကာပူသံရုံး၏ တွစ်တာတွင် နိုဝင်ဘာ ၁၅ ရက်က ရေးသားထားသည်။

စင်ကာပူလေကြောင်းလိုင်း (SIA) ၏ ပြောခွင့်ရပုဂ္ဂိုလ်က “စင်ကာပူနဲ့ အိန္ဒိယတို့အကြား ပုံမှန်ခရီးသည်လေ ယာဉ် ပြေးဆွဲခြင်း မရှိသေးပါဘူး။ အဆင်သင့် ဖြစ်တဲ့အချိန်မှာ သတင်းအချက်အလက်တွေ ထုတ်ပြန်ပေးသွားပါမယ်” ဟု ပြောကြားသည်။

စင်ကာပူ ကျန်းမာရေးဝန်ကြီးဌာန၏ ဆုံးဖြတ်ချက်အား အစိုးရဝက်ဘ်ဆိုက်၌ ဖော်ပြခဲ့ရာတွင် “VTL အစီအစဉ်ကို ဩစတြေးလျ၊ ဘရူနိုင်း၊ ကနေဒါ၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန်၊ ကိုရီးယား၊ စပိန်၊ ဆွစ်ဇာလန်၊ ဗြိတိန်၊ အမေရိကန်တို့နဲ့ ချိတ်ဆက်ဆောင်ရွက်ထားပြီး ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၂၉ ရက်မှာ မလေးရှား၊ ဖင်လန်၊ ဆွီဒင်တို့နဲ့ ဆက်လက် လုပ်ဆောင်သွားပါမယ်။ ယင်းကာလတွင် အိန္ဒိယ၊ အင်ဒိုနီးရှားနိုင်ငံတို့နှင့်လည်း ဆောင်ရွက်သွားဖို့ ရှိပြီး ကာတာ၊ ဆော်ဒီအာရေဗျ၊ ယူအေအီးနိုင်ငံတို့နှင့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၆ ရက်မှာ စတင်ဖို့ ရည်ရွယ်ထားပါတယ်” ဟု ရေးသားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly