အင်ဒို-ပစိဖိတ် ထောက်ပံ့ပို့ဆောင်ရေး ချိတ်ဆက်ကို မြှင့်တင်ရန် သြစတြေးလျက Quad ကို အသုံးပြုနိုင်

By Republic World
25 November 2021
အင်ဒို-ပစိဖိတ် ထောက်ပံ့ပို့ဆောင်ရေး ချိတ်ဆက်ကို မြှင့်တင်ရန် သြစတြေးလျက Quad ကို အသုံးပြုနိုင်

သြစတြေးလျက ဆိုက်ဘာခြိမ်းခြောက်မှု များကို ကာကွယ်နိုင်သည့် အရေးကြီးသော အခြေခံ အဆောက်အအုံများ၏ ပြန်လည်ကောင်းမွန်နိုင်စွမ်း တိုးတက်စေရန် ကမ္ဘာပေါ်ရှိ အကောင်းဆုံး အလေ့အကျင့်များကို စံနမူနာယူကာ Quad နှင့် ပူးပေါင်းလုပ်ဆောင်နေသည်။

သြစတြေးလျဝန်ကြီးချုပ် စကော့ မောရစ်ဆန်က နိုဝင်ဘာ ၁၇ရက်က အင်ဒို-ပစိဖိတ်ဒေသ ထောက်ပံ့ပို့ဆောင်ရေး ချိတ်ဆက်များ၏ ပြန်လည်ကောင်းမွန်နိုင်စွမ်းအား မြှင့်တင်ရန်၊ ပွင့်လင်းမြင်စွာ ချိတ်ဆက် အသုံးပြုနိုင်သော လုံခြုံသည့် နည်းပညာဂေဟစနစ်ကို တည်ဆောက်ရန် သြစတြေးလျသည် Quad အဖွဲ့ဝင်များ၏ စွမ်းဆောင်ရည်များကို အသုံးချရန် ကြိုးပမ်းနေကြောင်း ပြောကြားခဲ့သည်။

Quad နိုင်ငံများအကြား နက်ရှိုင်းသော နည်းပညာပူးပေါင်းဆောင်ရွက်မှုအတွက် Sydney Dialogue ၌ ပြောကြားရာတွင် သြစတြေးလျသည် ကမ္ဘာ့အကောင်းဆုံးအလေ့အကျင့်များကို စံနမူနာပြုလျက် ဆိုက်ဘာ ခြိမ်းခြောက်မှု များကို ကာကွယ်နိုင်သည့် အရေးကြီးသောအခြေခံအဆောက်အအုံများ ကာကွယ်နိုင်စွမ်းအား ကောင်းစေရန် Quad အဖွဲ့နှင့် ပူးပေါင်းလုပ်ဆောင်နေသည်။

"ကျွန်တော်တို့ခေတ်ရဲ့ နည်းပညာအလျှင်အမြန်ပြောင်းလဲမှုက အခြားအရာတွေနဲ့ သိပ်မကွာပါဘူး။ ကိုဗစ်-၁၉ ကြောင့်ဖြစ်ပေါ်လာသော လက်တလောခြိမ်းခြောက်မှုများနှင့် ဆက်စပ်စီးပွားရေး ကျဆင်းမှုများမှသည် ရာသီဥတုပြောင်းလဲမှုနှင့် ပထဝီမဟာဗျူဟာဆိုင်ရာ ယှဉ်ပြိုင်မှုအထိ ကြီးမားသော ကမ္ဘာစိန်ခေါ်မှုများ ကဲ့သို့ပင်ဖြစ်သည်" ဟု သူ၏ ပြောကြားချက်ကို ANI မှ ဖော်ပြခဲ့သည်။

ရှေ့လာမည့်နှစ်များတွင် နည်းပညာတိုးတက်မှုကို ပုံဖော်ပေးမည့် စံနှုန်းများနှင့် စံတန်ဖိုးများကို လွှမ်းမိုးရန် ပိုမိုကောင်းမွန်သောစွမ်းရည်ကို နည်းပညာက အထောက်အကူဖြစ်စေနိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ယခုစိုးရိမ်မှုအားလုံးကို နိုင်ငံများက မည်ကဲ့သို့ တုံ့ပြန်ဆောင်ရွက်သည့်အပေါ်တွင် နည်းပညာက အဓိကကျ သည်ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

သိသာထင်ရှားသောအချက်မှာ နည်းပညာတိုးတက်သောနိုင်ငံများတွင် စီးပွားရေး၊ နိုင်ငံရေးနှင့် စစ်ဘက်ဆိုင်ရာ စွမ်းရည်များ ပိုမိုရှိသည် ဟု ၎င်းက ဆိုသည်။

အိန္ဒိယနှင့် သြစတြေးလျတို့သည် နည်းပညာဆိုင်ရာ တူညီချက်များစွာရှိပြီး နှစ်နိုင်ငံသည် ဆိုက်ဘာလုံခြုံရေး၊ အရေးပါသည့် ထွန်းသစ်စ နည်းပညာများ၊ အရေးကြီးသော ဓာတ်သတ္ထူများနှင့် ဒစ်ဂျစ်တယ်စီးပွားရေးတွင် ပူးပေါင်းဆောင်ရွက်နေပြီ ဖြစ်ကြောင်း သြစတြေးလျဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly