ပရီးမီးယားလိဂ်ဖလားယူရန် အာဆင်နယ်သို့ပြောင်းလာခြင်းဟု ပီတာချက်ပြော

ပရီးမီးယားလိဂ်ဖလားယူရန် အာဆင်နယ်သို့ပြောင်းလာခြင်းဟု ပီတာချက်ပြော

ဒီဇင်ဘာ ၃၀၊ လန်ဒန်။            ။ ပရီးမီးယားလိဂ်ဖလား ရမည်ထင်သောကြောင့် အာဆင်နယ်အသင်းသို့ပြောင်းလာခြင်းဖြစ်သည်ဟု ဂိုးသမား ပီတာချက်က ပြောဆိုလိုက်သည်။

ချက်လက်ရွေးစင်ဂိုးသမားသည် ၁၁ နှစ်ကြာကစားခဲ့သော ချယ်လ်ဆီးအသင်းကို စွန့်ခွာပြီး ဇွန်လတွင် လန်ဒန်ပြိုင်ဘက် အာဆင်နယ်အသင်း နှင့် စာချုပ်ခဲ့သူဖြစ်သည်။

အသက် ၃၃ နှစ်အရွယ်ရှိ ပီတာချက်သည် အာဆင်နယ်အသင်းကို ပရီးမီးယားလိဂ်ဇယားထိပ်ရောက်အောင်ကူညီပေးထားပြီး ဘုန်းမောက်ကို ၂-၀ ဖြင့်နိုင်သည့်ပွဲတွင် ဒေးဗစ်ဂျိမ်းစ်၏ ပရီးမီးယားလိဂ်ဂိုးမပေးရသော စံချိန်ကို ချိုးဖျက်နိုင်ခဲ့သည်။

"လွယ်ကူတဲ့ဆုံးဖြတ်ချက်တော့မဟုတ်ပေမယ့် ဗိုလ်စွဲနိုင်ချေရှိတဲ့အသင်းကိုတော့ အမြဲပြောင်းချင်ခဲ့ပါတယ်။ ယုံကြည်မှုမရှိရင် ဘာကြောင့် ပြောင်းဖြစ်ခဲ့သလဲ အကြောင်းပြချက်ရှာတွေ့မှာ မဟုတ်ပါဘူး။

ဘောလုံးကို ပျော်ရွှင်မှုအတွက်သာမကဘဲ အကောင်းဆုံးဆိုတဲ့ကစားသမားတွေနဲ့ ယှဉ်ပြိုင်ရတာကို မြတ်နိုးလို့အပြင် အနိုင်ရချင်လို့ ကစားနေတာလည်း ပါပါတယ်"ဟု ပီတာချက်က မယ်ရာသတင်းစာနှင့်အင်တာဗျူးတွင် ပြောသည်။

လက်ရှိတွင် ဂိုးကွာခြားချက်အသာဖြင့် အမှတ်ပေးဇယားထိပ်ဆုံးရောက်နေသော အာဆင်နယ်အသင်းသည် ၂၀၀၃-၀၄ နောက်ပိုင်း ကတည်းက စောင့်ဆိုင်းနေရသော ပရီးမီးယားလိဂ်ဖလားကိုရတော့မည်ဟုလည်း ချယ်လ်ဆီးနှင့် ပရီးမီးယားလိဂ်ဖလားလေးလုံးရဖူးသည့် ပီတာချက်က ထင်မြင်နေသည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly