ဖားကန့်မြို့တွင် KIA၊ PDF၊ NUG ထောက်ခံပွဲနှင့်အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းရေး လူထုသပိတ်

23 November 2021
ဖားကန့်မြို့တွင် KIA၊ PDF၊ NUG ထောက်ခံပွဲနှင့်အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းရေး လူထုသပိတ်

ကချင်ပြည်နယ်၊ ဖားကန့်မြို့၌ ယနေ့ နိုဝင်ဘာလ ၂၃ရက်တွင် KIA၊ PDF၊ NUG ထောက်ခံပွဲနှင့် အကြမ်းဖက် စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းရေး လူထုသပိတ် ပြုလုပ်ကြသည်။

အင်တာနက် ဖြတ်တောက်ခံရပြီး သတင်းအမှောင်ချခံထားရသည်မှာ သုံးလ ကျော်ပြီဖြစ်သည့် ဖားကန့်မြို့ရှိ ဆန္ဒပြ ပြည်သူများက "KIA နဲ့ PDF တိုက်ပွဲတိုင်း မှာ နိုင်ပါစေ၊ NUG အစိုးရ ဒို့အစိုးရ၊ အကြမ်းဖက် စစ်တပ် လုံးဝ အုပ်ချုပ်ခွင့် မရစေရ၊ ဖက်ဒရယ် တပ်မတော် ပေါ်ပေါက်ရေး ဒို့အရေး၊ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်ရေး ဒို့အရေး" ဟု ကြွေးကြော်ဆန္ဒပြကြသည်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly