နေပူတောင်စီမံကိန်း ဆန္ဒဖေါ်ထုတ်မှု တစ်နှစ်ပြည့် ကမ်ပိန်းအား ဒီဇင်ဘာလ ၃၁ ရက်တွင် ပြုလုပ်မည်

နေပူတောင်စီမံကိန်း ဆန္ဒဖေါ်ထုတ်မှု တစ်နှစ်ပြည့် ကမ်ပိန်းအား ဒီဇင်ဘာလ ၃၁ ရက်တွင် ပြုလုပ်မည်

စစ်တွေ၊ ဒီဇင်ဘာ ၃၀ ။          ။ တောင်ကုတ်မြို့နယ်အတွင်းရှိ နေပူတောင်ကျောက် ထုတ်လုပ်မှု စီမံကိန်းအား ရပ်ဆိုင်းပေးရန် တောင်းဆို ဆန္ဒဖေါ်ထုတ်မှု တစ်နှစ်ပြည့် Campaign တစ်ခုအား ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း တောင်ကုတ်လူမှုကွန်ရက်မှသိရသည်။

အဆိုပါ Campaign သည် နေပူတောင်စီမံကိန်းအား ရပ်ဆိုင်းပေးရန် ဒေသခံများ တောင်းဆိုဆန္ဒပြသည်ကို သက်ဆိုင်ရာအစိုးရမှ တစ်စုံတစ်ခုလုပ်ဆောင်မှုမရှိခြင်းအပြင် ကျောက်သားများအား ဆက်လက်ထုတ်ယူနေမှု တို့ကြောင့် ယခုကဲ့သို့တစ်နှစ်ပြည့် ကမ်ပိန်းအားစီစဉ်ရခြင်းဖြစ်ကြောင်းလည်း တောင်ကုတ်လူမှုကွန်ရက်မှ ဆိုသည်။

“အဓိကတော့ Campaign မှာ စီမံကိန်းရပ်ဖို့ တောင်းဆိုမှာဖြစ်တယ်။ နောက်ပြီးကျွန်တို့ ဒေသခံတွေ ဆန္ဒဖေါ်ထုတ်ခဲ့တာဟာ တစ်နှစ်ပြည့်သွားပြီ ဘာမှတုံ့ပြန်မှုမရှိဘူး။ ဒီ Campaign လုပ်ရခြင်းဟာလည်း ကျွန်တော်တို့ ဒေသခံတွေရဲ့တစ်စုံတစ်ရာ အကျိုးမရှိဘဲနဲ့ ဒေသခံတွေတောင်းဆိုခဲ့တာကိုလည်း အခုလိုဆက်လက်လုပ်ဆောင်နေခြင်းဟာ ဌာနေတိုင်းရင်းများအခွင့်အရေးကို လုံးဝစော်ကားသလိုဖြစ်နေ တဲ့အတွက် အခုလိုတစ်နှစ်ပြည့် Campaign ကိုပြုလုပ်တာဖြစ်တယ်။” ဟု တောင်ကုတ်လူမှုကွန်ရက်မှ ဦးဇေယျကျော်ကပြောသည်။

ယင်း Campaign ကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်တွင်ပြုလုပ်ခဲ့သည့် နေပူတောင်စီမံကိန်းရပ်ဆိုင်းပေးရန် တောင်းဆိုဆန္ဒထုတ်ဖေါ်ခဲ့သည့် တစ်နှစ်ပြည့်အဖြစ် ၂၀၁၅ ခုနှစ်ဒီဇင်ဘာလ ၂၈ ရက်တွင် ပြုလုပ်ရန် စီစဉ်ခဲ့သော်လည်း သက်ဆိုင်ရာမှ ခွင့်ပြုချက်မရခဲ့သည့်အတွက် ၃၁ ရက်နေ့သို့ ရွေ့ပြောင်းလိုက်ရခြင်းဖြစ်သည်။

Campaign တွင် တောင်ကုတ်ဖောင်တော်ဦးဘုရားနှင့် မြို့နယ်ထွေ/အုပ်ရုံးရှေ့တို့၌ပြုလုပ်သွားမည်ဖြစ်လည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly