မူးယစ်သောက်စား ကားမောင်းပြီး ရဲထံ အဖမ်းမခံဘဲ ထွက်ပြေးသည့် အမေရိကန်အမျိုးသမီး စွဲချက်အများအပြားဖြင့် ဖမ်းဆီးခံရ

မူးယစ်သောက်စား ကားမောင်းပြီး ရဲထံ အဖမ်းမခံဘဲ ထွက်ပြေးသည့် အမေရိကန်အမျိုးသမီး စွဲချက်အများအပြားဖြင့် ဖမ်းဆီးခံရ

နိုဝင်ဘာ ၂၂

အမေရိကန်နိုင်ငံ အင်ဒီယားနားပြည်နယ် Mishawaka မြို့မှ အသက် ၄၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် နိုဝင်ဘာ ၁၉ ရက် မွန်းလွဲပိုင်းက Sturgis တွင် ဖမ်းဆီးခံရပြီး ကြီးလေးသည့် ပြစ်မှုဆိုင်ရာ စွဲချက်အများအပြားဖြင့် စွဲဆိုခံခဲ့ရသည်။ သူမသည် မူးယစ်သောက်စားထားပြီး ကားမောင်းနှင်ခဲ့ကာ စစ်ဆေးမခံဘဲ ထွက်ပြေးခဲ့သည့်အတွက် မြို့တွင်း၌ ရဲများက သူမနောက် လိုက်ကာ ဖမ်းဆီးခဲ့ရသည်။

ယင်းနေ့က ကားတစ်စီးသည် ပုံမှန်မဟုတ်ဘဲ သွားလာနေကြောင်းနှင့် မြို့တွင်းရှိ အကန့်အသတ်သတ်မှတ်ချက်များကို နီးကပ်နေကြောင်း စိန့် ဂျိုးဆက် ကောင်တီ ဗဟိုရုံးမှ အကြောင်းကြားမှုတစ်ခုကို ရဲတပ်ဖွဲ့က လက်ခံရရှိခဲ့ကြောင်း Sturgis အများပြည်သူဘေးကင်းလုံခြုံရေးဌာနက ပြောခဲ့သည်။

ယင်းနောက် သက်ဆိုင်ရာ ရဲများက အဆိုပါ ကား ရောက်ရှိနေသည့် နေရာကို ရှာဖွေကြည့်ရှုခဲ့ရာ ယင်းကားသည် ယာဥ်သွားလာမှုဆိုင်ရာ ချိုးဖောက်မှုတစ်ချို့ ရှိထားသည်ကို တွေ့ရှိခဲ့သည်ဟု ပြောခဲ့သည်။ ယင်းကားကို တောင်ပိုင်း စင်တာဗီးလ် လမ်း၏ အကွက်အမှတ် ၄၀၀ ရှိ ကားပါကင်နေရာတစ်ခုတွင် တားဆီးခဲ့သည်။ ယင်းနောက် ရဲများက ဒရိုင်ဘာဖြစ်သူကို စကားပြောရန် ကြိုးပမ်းခဲ့စဥ် ဒရိုင်ဘာအမျိုးသမီးဖြစ်သူက ထွက်ပြေးသွားခဲ့သည့်အတွက် ရဲများက နောက်ကနေ ကားဖြင့် လိုက်လံဖမ်းဆီးခဲ့ရသည်။ ထိုကဲ့သို့ လိုက်ဖမ်းမှုက အနောက်တောင်လမ်းနှင့် တောင်ပိုင်း နော့တာဝါလမ်း၏ လမ်းဆုံအနီး အဆုံးသတ်ခဲ့ပြီး တခဏမျှ ရုန်းကန်ခုခံမှု ဖြစ်ခဲ့ပြီးနောက် ဒရိုင်ဘာဖြစ်သူကို ဖမ်းဆီးခေါ်ဆောင်နိုင်ခဲ့သည်။

အဆိုပါ အမျိုးသမီးကို ရဲများထံ အဖမ်းမခံဘဲ ထွက်ပြေးလွတ်မြောက်အောင် ကြိုးပမ်းခြင်း၊ မူးယစ်သောက်စားထားစဥ် ကားမောင်းနှင်ခြင်း အပါအဝင် ပြစ်မှု အများအပြားဖြင့် ဖမ်းဆီးစွဲချက်တင်ထားသည်။ စုံစမ်းစစ်ဆေးမှုအတွင်း မှတ်တမ်းများအရ ၎င်းအမျိုးသမီးသည် မူးယစ်သောက်စားပြီး ကားမောင်း၍ အဖမ်းခံရမှုသည် ယခုတကြိမ်နှင့်ဆိုလျင် ရှစ်ကြိမ်အထိ ရှိနေပြီ ဆိုသည်ကို မှတ်တမ်းများအရ သိရှိရသည်။ သူမကို ပြစ်မှုကျူးလွန်ကြောင်း တရားဝင် စွပ်စွဲရုံးတင်မှု မတိုင်မီအတောအတွင်း စိန့် ဂျိုးဇက် ကောင်တီ အကျဥ်းစခန်းတွင် ထိန်းသိမ်းထားပြီး ကတိခံဝန်ချက် လက်မှတ် ထိုးနိုင်ရန်လည်း ငြင်းဆန်ခံထားရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly