ကက်ရှ်မီးယားတောင်ကြားတွင် ကုံကုမံ ပန်းများပွင့်ကာ ဧည်သည်များကို စွဲဆောင်လျက်ရှိ

By The Stateman
22 November 2021
ကက်ရှ်မီးယားတောင်ကြားတွင် ကုံကုမံ ပန်းများပွင့်ကာ ဧည်သည်များကို စွဲဆောင်လျက်ရှိ

ကုံကုမံ ရိတ်သမ်းရမည့် ရာသီအစတွင် ဂျမူးနှင့် ကက်ရှ်မီးယားဒေသ၏ ပမ်ပိုရေးမြို့မှ အဆိုပါ ပန်းခင်းများက အရောင်စုံစွာ ပွင့်နေသည့် ပန်းများ၏အလှအပများကို ကြည့်ရှုစေနို်ငရန် ကမ္ဘာလှည့်ခရီးသည်များကို စွဲဆောင်လျက်ရှိသည်။

ကုံကုမံ ထွက်ရှိသည့် ဒေသအဖြစ် ထင်ရှားသော ပမ်ပိုရေးသည် အဆိုပါပန်းတို့၏ အဝါရောင်နှင့် ခရမ်းရောင် အဆင်းများကြောင့် လှပသော ရှုခင်းများအဖြစ်သို့ ပြောင်းသွားသော ကွင်းပြင်များသည်ရှိရာသို့ ကမ္ဘာလှည့်ခရီးသည်များကို စွဲဆောင်နိုင်သည့် နေရာဖြစ်သည်။

အဆိုပါ ပန်းတို့သည် ရနံ့မွှေးသလို ရှုခင်း ကြည့်ရှုလိုသော ဓာတ်ပုံရိုက်လိုသော ဧည့်သည်အများအပြားကိုလည်း စွဲဆောင်နိုင်သည်။

ပမ်ပိုရေးမြို့ ကုံကုမံကွင်းများ တာဝန်ခံ ရီဟန်းက “ဧည့်သည်တွေက ကုံကုမံ ပန်းတွေကြည့်ဖို့ ဒီနေရာကို လာကြပါတယ်။ ဒီနေရာမှာပွင့်တာ ပိုကောင်းတာကြောင့် ကမ္ဘာ့လှည့်ခရီးသည်တွေက ကြိုက်ပါတယ်။ စိုက်ခင်းထဲမှာပဲ ကုံကုမံ တွေကို ဝယ်ယူကြတာကြောင့် ဒေသတွင်း စိုက်ပျိုးသူများ၏ လုပ်ငန်းလည်း တိုးတက်လာပါတယ်” ဟု ပြောကြားသည်။

“စိုက်ပျိုးသူတွေဆီက သန့်ပြန့်စွာ ရရှိလို့ ဧည့်သည်တွေက ကြိုက်ကြတယ်။ သူတို့က ပန်းတွေကို သဘောကျပြီး အချိန်အကြာကြီး နေကြလို့ နိုင်ငံရဲ့ စီးပွားရေးကို ကောင်းမွန်စေပါတယ်” ဟုလည်း အဆိုပါ တာဝန်ခံက ပြောသည်။

ကုံကုမံ စိုက်ပျိုးသူတစ်ဦးဖြစ်သည့် ရှာဖစ်က “ ကုံကုမံ ထွက်တဲ့ရာသီဖြစ်တဲ့ အောက်တိုဘာ ၂၁ ရက်ကနေ နိုဝင်ဘာ ၂၁ ရက်အထိ ဧည့်သည်တွေ လာကြတယ်။ သန့်စင်တဲ့ ကုံကုမံကို ဘယ်လိုရတယ်ဆိုတာ သူတို့ကို ပြပါတယ်။”

“ကျူးပလစ်ပန်းခြံဆောက်သလို ဒီနေရာ ကုံကုမံ ပန်းခြုံတစ်ခု တည်ဆောက်မယ်ဆိုရင် ဧည်သည်တွေ ပိုမိုလာရောက် ကြည့်ရှုကြလိမ့်မယ်လို့ အ စိုးရကို တောင်းဆိုထားပါတယ်” ဟု လည်း ကောင်းက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly