ဗီယက်နမ်တွင် ကိုဗစ်-၁၉ကြောင့် သေဆုံးသူ ၂၃၀၀၀ ဦးအတွက် ဆုတောင်းမှုများ ပြုလုပ်

ဗီယက်နမ်တွင် ကိုဗစ်-၁၉ကြောင့် သေဆုံးသူ ၂၃၀၀၀ ဦးအတွက် ဆုတောင်းမှုများ ပြုလုပ်

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဗီယက်နမ်တွင် သေဆုံးခဲ့ရသူများအတွက် ဆုတောင်းခြင်းများကို နိုဝင်ဘာ ၁၉ ရက်က ဟိုချီမင်းနှင့် ဟနွိုင်းမြို့ကြီးများတွင် ပြုလုပ်ခဲ့ကြသည်။

ဟိုချီမင်းမြို့တော် လွတ်လပ်ရေးနန်းတော်နှင့် ဟနွိုင်းမြို့တော် ထွန်နက်ပန်းခြံတို့တွင် ပြုလုပ်ခဲ့သည့် အဆိုပါ ဆုတောင်းပွဲများသို့ လူဦးရေ ၁၀၀ နှင့် ၃၀၀ ခန့်စီ အသီးသီး တက်ရောက်ခဲ့ကြသည်။

အခမ်းအနားများသို့ မြို့တော်အသီးသီးရှိ အကြီးအကဲများ တက်ရောက်ကာ လွမ်းသူ့ပန်းခွေများ ချခဲ့ကြသလို မြို့တော်ဟိုချီမင်းတွင် ရဟန်းများ၊ သီလရှင်များနှင့် သေဆုံးသွားခဲ့သူများ၏ မိသားစု ၅၀ ခန့် ပါဝင် ဆုတောင်း ခဲ့ကြသည်။

ဆုတောင်းပွဲသို့ တက်ရောက်လာသူများက ၁ မိနစ်ခန့် ငြိမ်သက်ခဲ့ကြသည်။ မြို့ကြီး ၂ မြို့စလုံးတွင် အမွှေးတိုင်များ၊ ဖယောင်းတိုင်များ ထွန်းညှိခဲ့ကြသလို ဘုရားကျောင်းများနှင့် ဝတ်ပြုကျောင်းများတွင်လည်း ခေါင်းလောင်းများထိုးကာ ည ၈ နာရီခွဲတွင် သင်္ဘောများက ဥဩများဆွဲကာ သေဆုံးသွားသူများအတွက် အမှတ်တရ လုပ်ဆောင်ခဲ့ကြသည်။

ဟိုချီမင်းမြို့တော်ရှိ တူးမြောင်းများအတွင်း၌လည်း မီးပုံးများကို မျှောခဲ့ကြသည်။ မြို့တော်၏ အခြားခရိုင်များတွင်လည်း ဆုတောင်းမှုများကို ပြုလုပ်ခဲ့ကြရာ လူဦးရေ ၁၀၀ ဝန်းကျင်ခန့်စီပါဝင်ခဲ့ကြသည်။

အများပြည်သူဆို်ငရာ နေရာများနှင့် လူနေရပ်ကွက်များတွင်လည်း မီးများ ပိတ်ကာ ဆုတောင်းခဲ့ကြသည်။ မြို့ကြီး ၂ မြို့တွင် ကျင်းပသည့် ဆုတောင်းပွဲများအား Việt Nam Television ရုပ်သံလိုင်းက တိုက်ရိုက်ထုတ်လွှင့် ပြသခဲ့သည်။

ဗီယက်နမ်နို်ငငံတွင် နိုဝင်ဘာ ၁၉ ရက် ညနေ ၄ နာရီအထိ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၂၃၅၇၈ ဦး ရှိခဲ့ပြီး ၁၇၃၀၀ ဦးသည် ဟိုချီမင်းမြို့မှ ဖြစ်ကာ စုစုပေါင်းအရေအတွက်၏ ၇၄ ရာခိုင်နှုန်းဖြစ်သည်။

ဟိုချီမင်းမြို့တော်သည် ဗီယက်နမ်တွင် ဧပြီ ၂၇ ရက်မှ စတင်၍ ပြင်းထန်သော ကိုဗစ်-၁၉ စတုတ္ထလှိုင်းအဓိက သက်ရောက်ခဲ့သည့်နေရာဖြစ်ကာ ဒေသခံတို့၏ လူမှု-စီးပွားဘဝများလည်း ထိခိုက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly