ဂျမူးနှင့် ကက်ရှ်မီးယားတွင် ကိုယ်ပိုင်လုပ်ငန်း ဖော်ဆောင်ရေးအစီအစဉ်အရ အစိုးရက လုပ်ငန်းရှင် ၂ သိန်းကို ငွေကြေး ပံ့ပိုးမည်

By India Blooms News Service
22 November 2021
ဂျမူးနှင့် ကက်ရှ်မီးယားတွင် ကိုယ်ပိုင်လုပ်ငန်း ဖော်ဆောင်ရေးအစီအစဉ်အရ အစိုးရက လုပ်ငန်းရှင် ၂ သိန်းကို ငွေကြေး ပံ့ပိုးမည်

ကိုယ်ပိုင်လုပ်ငန်း ဖော်ဆောင်ရေးအစီအစဉ်အရ ခွင့်ပြုချက်များ ထုတ်ပေးရေးနှင့် ငွေကြေးပံ့ပိုးမှုများအတွက် အစိုးရက လုပ်ငန်းရှင် ၂ သိန်းကို ရည်မှန်းထားကြောင်း ဂျမူးနှင့် ကက်ရှ်မီးယား ပြည်ထောင်စု နယ်မြေ ဒုတိယအုပ်ချုပ်ရေးမှူး မနော့ဂျ်ဆင်းက ပြောကြားလိုက်သည်။

အဆိုပါ အစီအစဉ်အတွက် စိစစ်မှုများကို အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ဘဏ်ဝန်ထမ်းများနှင့် ပူးပေါင်း လုပ်ဆောင်လျက်ရှိသည်။

လုပ်ငန်းတွင် အချိန်နှင့် တစ်ပြေးညီ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ခေတ်မီနည်းပညာများအား အသုံးပြုရေးအတွက် စွမ်းရည်မြှင့်တင်ရေးဌာနကို ဒုတိယအုပ်ချုပ်ရေးမှူးက ၎င်း သဘာပတိအဖြစ် ကျင်းပခဲ့သည့် အစည်းအဝေးတွင် ပြောကြားသည်။

ကိုယ်ပိုင် အလုပ်အကိုင်အစီအစဉ်တွင် လူမျိုးစုများ၊ တိုင်းရင်းသားများ၊ တိုးတက်မှုနောက်ကျသည့် အုပ်စုများနှင့်အမျိုးသမီး လုပ်ငန်းရှင်များကို အထူးဦးစားပေးရန် ဒုတိယအုပ်ချုပ်ရေးမှူးက မှာကြားခဲ့သည်။

လက်ထောက် ကော်မရှင်နာ အရာရှိများအနေဖြင့်လည်း လူမှုဖူလုံရေးအစီအစဉ်များနှင့် အခြေခံ ဘဝလိုအပ်ချက်များကို အထူးသဖြင့် အစွန်အဖျားနှင့် နယ်စပ်ဒေသများတွင် ဖြည့်ဆည်းပေးရန်လည်း ဆင်းက မှာကြားခဲ့သည်။

ငွေကြေးအထောက်အပံ့ ရသင့်သူများအနေဖြင့် အသေးအမွှားကိစ္စများကြောင့် မရရှိခြင်းများ မဖြစ်စေရန် ညီညွတ်မျှတသည့် စံနှုန်းများ သတ်မှတ်ပေးရန်လည်း ဘဏ်များကို ဒုတိယအုပ်ချုပ်ရေးမှူးက ညွှန်ကြားခဲ့သည်။

အလုပ်အကိုင် ဖန်တီးရေးအစီအစဉ်အား ရယူမည့်သူများအတွက် ချေးငွေများ နောက်မကျစေဘဲ ထုတ်ပေးနိုင်ရန် ဆက်သွယ်ရေးအရာရှိများအား ခန့်ထားရေးအတွက်လည်း ၎င်းက တိုက်တွန်းခဲ့သည်။

လက်မှုအချောထည်များနှင့် အခြားဒေသထွက်ကုန်များအတွက် ဈေးကွက်နှင့် တင်ပို့မည့်နေရာများကိုလည်း ရှာဖွေသွားရန် ဒုတိယ အုပ်ချုပ်ရေးမှူးက လမ်းညွှန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly