ဂျာနယ်လစ်များ ကာကွယ်စောင့်ရှောက်ရေး ကော်မတီက ဟောင်ကောင်တွင် နိုင်ငံခြား သတင်းထောက်များ လွတ်လပ်စွာ လုပ်ကိုင်ခွင့် တောင်းဆို

ဂျာနယ်လစ်များ ကာကွယ်စောင့်ရှောက်ရေး ကော်မတီက ဟောင်ကောင်တွင် နိုင်ငံခြား သတင်းထောက်များ လွတ်လပ်စွာ လုပ်ကိုင်ခွင့် တောင်းဆို

ဩစတြေးလျ သတင်းထောက်တစ်ဦးအား ဗီဇာသက်တမ်းတိုးပေးရန် ဟောင်ကောင်၏ ငြင်းဆိုမှုသည် စာနယ်ဇင်းလွတ်လပ်ခွင့်ကို ထိန်းသိမ်းထားကြောင်း ဟောင်ကောင်အစိုးရ၏ ထပ်ခါတလဲလဲ အခိုင်အမာ ပြောကြားချက်ကို မျက်ကွယ်ပြုခြင်းဖြစ်ပြီး အာဏာပိုင်များအနေဖြင့် ယင်းဆုံးဖြတ်ချက်ကို ချက်ချင်း ပြောင်းလဲရန် သတင်းထောက်များ ကာကွယ်စောင့်ရှောက်ရေး ကော်မတီက တိုက်တွန်းခဲ့သည်။

ဟောင်ကောင်အာဏာပိုင်များသည် သတင်းထောက် စုလီဝမ်အတွက် အလုပ်ဗီဇာကို သက်တမ်းတိုးရန် မကြာသေးမီက ငြင်းဆိုခဲ့သည်။

သြစတြေးလျအမျိုးသားတက္ကသိုလ်နှင့် တရုတ်ဆင်ဟွာတက္ကသိုလ်မှ ဘွဲ့ရတစ်ဦးဖြစ်သည့် ဝမ်သည် ဗြိတိန် မဂ္ဂဇင်း Economist ၏ တရုတ်ပြည်ဆိုင်ရာ သတင်းထောက်ဖြစ်ကြောင်း Hong Kong Free Press မှ ဖော်ပြခဲ့သည်။

တွစ်တာတွင် စုလီဝမ်က စိတ်ပျက်ကြောင်း ဖော်ပြခဲ့ပြီး "ဟောင်ကောင်ကနေ သတင်းဆက်လက် မပို့နိုင်တော့တာ အရမ်းဝမ်းနည်းပါတယ်" ဟု ရေးသားခဲ့သည်။

The Economist သတင်းထောက် စုလီဝမ်အတွက် ဗီဇာသက်တမ်းတိုးပေးရန် ဟောင်ကောင်၏ ငြင်းဆိုမှုသည် စာနယ်ဇင်းလွတ်လပ်ခွင့်ကို ထိန်းသိမ်းထားကြောင်း ဟောင်ကောင်အစိုးရ၏ ထပ်ခါတလဲလဲ ပြောဆိုမှုများကို မျက်ကွယ်ပြုလိုက်ခြင်းဖြစ်ကြောင်း ဝါရှင်တန်ဒီစီရှိ CPJ ၏ အာရှအစီအစဉ် ညှိနှိုင်းရေးမှူး စတီဖင် ဘတ်တလာက ပြောကြားခဲ့ပြီး ဟောင်ကောင်အာဏာပိုင်များက ယင်းဆုံးဖြတ်ချက်ကို ချက်ချင်းပြင်ပြီး ပြည်တွင်းနှင့် နိုင်ငံတကာ သတင်းထောက်များကို ဝင်ရောက်စွက်ဖက်ခြင်းမရှိဘဲ အလုပ်လုပ်ခွင့်ပြုသင့်ကြောင်း” ဆိုခဲ့သည်။

“ရှင်းလင်းချက်မပေးဘဲ ဆုံးဖြတ်ခဲ့တဲ့အတွက် စိတ်မကောင်းဖြစ်မိပါတယ်” ဟု ဘတ်ဒို့က ပြောကြားခဲ့သည်။ “နိုင်ငံတကာမြို့တော်အဖြစ် ရပ်တည်မှုအတွက် အရေးပါတဲ့ နိုင်ငံခြားသတင်းထောက်တွေကို ဆက်လက်ဝင်ခွင့်ပြုဖို့ ဟောင်ကောင်အစိုးရကို ကျွန်တော်တို့ တိုက်တွန်းပါတယ်။”

ဟောင်ကောင်နိုင်ငံခြား သတင်းထောက်များအသင်းကလည်း "အလုပ်အကိုင်ဗီဇာ လျှောက်ထားမှုများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးရန် အာမခံချက်ပေးရန်နှင့် သတင်းထောက်များအတွက် ဗီဇာလုပ်ငန်းစဉ်သည် နိုင်ငံရေးအရ သို့မဟုတ် လက်နက်အဖြစ် အသုံးပြုမည်မဟုတ်ကြောင်း" အာမခံချက်ပေးရန် ဟောင်ကောင်အစိုးရအား ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ပြီး တောင်းဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly