သြစတြေးလျမှ ကျောက်မီးသွေးတင်သွင်းမှု တားမြစ်ချက်ကြောင့် တရုတ် စွမ်းအင် အကျပ်အတည်း ရင်ဆိုင်ခဲ့ရ

သြစတြေးလျမှ ကျောက်မီးသွေးတင်သွင်းမှု တားမြစ်ချက်ကြောင့် တရုတ် စွမ်းအင် အကျပ်အတည်း ရင်ဆိုင်ခဲ့ရ

ကိုဗစ်-၁၉ ၏ မူလဇာစ်မြစ်ကို စုံစမ်းစစ်ဆေးရန် ကြိုးပမ်းခြင်းအတွက် သြစတြေးလျမှ သွင်းကုန်များကို ရပ်တန့်ရန် ဒဏ်ခတ် အရေးယူသည့် တရုတ်၏ ဆုံးဖြတ်ချက်သည် စီးပွားရေးကို ထိခိုက်စေသည့် တန်ပြန်ဆိုးကျိုးသက်ရောက်စေခဲ့သည်။

ဩစတြေးလျ၏ စီးပွားရေးကို ပြိုကျအောင်ဖိအားပေးရန် တရုတ်က ရည်ရွယ်ခဲ့သော်လည်း စီးပွားရေးအရ အကျပ်ကိုင်မှုသည် တရုတ်ကိုသာ အထိနာစေခဲ့သည်။

၂၀၂၀ပြည့်နှစ်တွင် တရုတ်က ယင်းကဲ့သို့ ပိတ်ပင်ပြီး မကြာမီ သြစတြေးလျသည် အိန္ဒိယကဲ့သို့သော စွမ်းအင် လိုအပ်ချက် ကြီးမားသည့် နိုင်ငံများကို အာရုံစိုက်လာခဲ့သလို တစ်ချိန်တည်းတွင် တောင်ကိုရီးယား ကဲ့သို့သော နိုင်ငံများကလည်း သြစတြေးလျမှ ကျောက်မီးသွေး တင်သွင်းမှု တိုးလာခဲ့သည်။

ထို့ကြောင့် တရုတ်၏ ပိတ်ပင်မှုများသည် ပေကျင်းမျှော်လင့်ထားသည့်အတိုင်း သြစတြေးလျအပေါ် သက်ရောက်မှုမရှိခဲ့ပေ။

ဆန့်ကျင်ဘက်အနေနှင့် တရုတ်သည် သြစတြေးလျကျောက်မီးသွေးကို အစားထိုးရန် ရုန်းကန်နေရပြီး အင်ဒိုနီးရှား၊ ရုရှား၊ တောင်အာဖရိကနှင့် အမေရိကန်တို့မှ တင်သွင်းမှု တိုးမြှင့်ရန် ကြိုးပမ်းမှုမှာ မအောင်မြင်ခဲ့ပေ။

InsideOverသတင်းဝက်ဘ်ဆိုက်အတွက် ရေးသားရာတွင် အီတလီနိုင်ငံရေးအကြံပေးနှင့် ပထဝီဝင် နိုင်ငံရေး ကျွမ်းကျင်သူ ဆာဂျီအို ရက်တယ်လီက သြစတြေးလျသွင်းကုန်များကို ရုတ်ခြည်းပိတ်ပင် လိုက်ခြင်းကြောင့် တရုတ်တွင် ကျောက်မီးသွေးမလုံလောက်မှုကို ဖြစ်ပေါ်စေပြီး ကမ္ဘာ့အကြီးဆုံး ကုန်ထုတ်မှုဗဟိုချက်နိုင်ငံတွင် မကြုံစဖူးစွမ်းအင်အကျပ်အတည်းကို ဖြစ်ပေါ်စေကြောင်း ရှင်းပြ ခဲ့သည်။

"တရုတ်က စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းဖို့အတွက် ကျောက်မီးသွေးကို ဖြစ်နိုင်တဲ့ နေရာကနေ ရှာဖွေနေပါတယ်။ လိုအပ်တဲ့ ကျောက်မီးသွေးကို မရရှိလို့ တရုတ်က ရှက်ရှက်နဲ့ပဲ သြစတြေးလျ ကျောက်မီးသွေးဘက်ကို ပြန်လှည့်ခဲ့ရပါတယ်" ဟု ၎င်းက ဆိုသည်။

အီတလီပညာရှင်၏အဆိုအရ တရုတ်တွင် ကျောက်မီးသွေး ပြတ်လပ်မှုနှင့် ဈေးနှုန်းတက်ခြင်းတို့သည် စက်မှုကုန်ထုတ်ရေးကို သိသိသာသာ အနှောင့်အယှက်ဖြစ်စေသောကြောင့် ရွေးချယ်စရာမရှိဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly