မြေနီဖုံးလွှမ်းမှုကြောင့် လယ်ယာမြေများပျက်စီး၍ လယ်ပြန်စိုက်ရန် အခက်အခဲဖြစ်နေ

မြေနီဖုံးလွှမ်းမှုကြောင့် လယ်ယာမြေများပျက်စီး၍ လယ်ပြန်စိုက်ရန် အခက်အခဲဖြစ်နေ
တကောင်းတောင်နီကယ်စီမံကိန်း အဝင်ပေါက်အား တွေ့မြင်ရစဉ်။ (ဓာတ်ပုံ- မာန်ဇာမြေမွန်)

မုံရွာ၊ ဒီဇင်ဘာ ၂၉။          ။ တကောင်းတောင်နီကယ်စီမံကိန်း စွန့်ပစ်မြေများကြောင့် ထီးချိုင့်မြို့နယ် အင်းနက်ကျေးရွာရှိ လယ်ယာမြေများပေါ်တွင် မြေနီဖုံးလွှမ်းကာပျက်စီးခဲ့၍ လယ်စိုက်ပျိုးရန် အခက်ခဲများ ဖြစ်ပေါ်နေကြောင်း ဒေသခံများက ပြောသည်။

အင်းနက်ကျေးရွာရှိ တောင်သူ ၄၉ ဦးပိုင် လယ်မြေများပေါ်တွင် ယင်းသို့မြေနီဖုံးလွှမ်းခဲ့ရခြင်း ဖြစ်ပြီး ယခုအကြိမ်သည် ဒုတိယမြောက် မြေနီဖုံးလွှမ်းခြင်းဖြစ်သည်။

"၂၀၁၃ နဲ့ ၂၀၁၅ မှာ မြေနီတွေ ရွှေတောင်ချောင်းနဲ့အတူ စီးပါလာတယ်။ မိုးများရင် ပိုဆိုးတယ်။ မနှစ်ကတော့ သီးနှံလျော်ကြေးဆိုပြီး တစ်ဧက ၅ သိန်း ရတယ်။ မြေကို ပြုပြင်ပေးတာလဲ မရှိခဲ့ဘူး။ ဒီနှစ်တော့ ဖြေရှင်းမပေးသေးဘူး။ မြေနီတွေမကျအောင် လုပ်ပေးပါဆိုပြီး သွားပြောတော့ စက်ရုံမှူးက ထိန်းသိမ်းပေးမယ်လို့ပဲပြောတယ်။ တကယ်တန်း ဘာမှလုပ်မပေးဘူး။ မြေနီဖုံးလွှမ်းသွားတာက ၃-၄ ပေလောက်ထိရှိတယ်။ ထွန်စက်နဲ့ကော်မယ်ဆိုတောင် မလွယ်ဘူး။" ဒေသခံ အသက် ၇၅ နှစ်အရွယ် ဦးလှသန်းက ပြောသည်။

တကောင်းတောင်နီကယ်စက်ရုံသည် မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ် နှင့် စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ် အစပ်တွင်တည်ရှိပြီး စစ်ကိုင်းတိုင်း MATAအဖွဲ့မှ ထီးချိုင့်မြို့နယ် မောင်းကုန်းရွာတွင် ကွင်းဆင်းရာတွင်လည်း ယင်းသို့ဒေသခံများ၏ အခက်ခဲများကို တွေ့ရှိခဲ့ရကြောင်း အဆိုပါ အဖွဲ့ဝင်တစ်ဦးက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly