သမ္မတရှီကျင့်ဖျင်၏ ရာထူးကို ခိုင်မြဲစေသည့် အထင်ကရ ဆုံးဖြတ်ချက်တစ်ရပ်ကို တရုတ်ကွန်မြူနစ်ပါတီ အတည်ပြု

By India Blooms
22 November 2021
သမ္မတရှီကျင့်ဖျင်၏ ရာထူးကို ခိုင်မြဲစေသည့် အထင်ကရ ဆုံးဖြတ်ချက်တစ်ရပ်ကို တရုတ်ကွန်မြူနစ်ပါတီ အတည်ပြု

တရုတ်ကွန်မြူနစ်ပါတီ (CCP) သည် နိုင်ငံရေးသမိုင်းတွင် သမ္မတရှီကျင့်ဖျင်၏ ရာထူအဆင့်အတန်းကို ပိုမိုခိုင်မြဲစေသည့် အထင်ကရဆုံးဖြတ်ချက်ကို အတည်ပြုလိုက်သည်။

ယင်းဆုံးဖြတ်ချက်ကို နိုဝင်ဘာ ၇ ရက်က ကျင်းပသည့် ဆဋ္ဌမအကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးတွင် အတည်ပြုခဲ့သည်။

ဆုံးဖြတ်ချက်ကို ထုတ်ပြန်သည့် တတိယမြောက် တရုတ်ခေါင်းဆောင်တစ်ဦးအဖြစ် အဆိုပါ လှုပ်ရှားမှုသည် CCP ပါတီတည်ထောင်သူ မော်နှင့် ၎င်း၏နေရာကို ဆက်ခံသူ တိန့်ရှောင်ဖိန်တို့နှင့် တန်းတူရည်တူအဖြစ် ရှီကို ထူထောင်ရန် ရည်ရွယ်ကြောင်း ဘီဘီစီ သတင်းဌာနက ဖော်ပြသည်။

ယခုဆုံးဖြတ်ချက်သည် သမ္မတရှီ၏ အာဏာချုပ်ကိုင်ထားမှုကို ပိုမိုခိုင်မြဲစေကြောင်း ကျွမ်းကျင်သူများက BBC ကို ပြောသည်။

"သူက တရုတ်နိုင်ငံရဲ့ အမျိုးသားရေးခရီးမှာ သူရဲကောင်းအဖြစ် သူ့ကိုယ်သူ ပုံဖော်ဖို့ ကြိုးစားနေတာပါ" ဟု တရုတ်မျက်မှောက်ရေးရာသတင်းလွှာ China Neican ၏ အယ်ဒီတာ အဒမ်နီက ဘီဘီစီ သို့ ပြောကြားခဲ့သည်။

“ပါတီနဲ့ ခေတ်သစ်တရုတ်ရဲ့ ကြီးကျယ်ခမ်းနားတဲ့ ဇာတ်ကြောင်းဗဟိုအချက်အချာမှာ သူ့ကိုယ်သူ ထားတဲ့ သမိုင်းဝင်ဆုံးဖြတ်ချက်ကို တရားဝင်လက်ခံစေပြီးတော့ မစ္စတာရှီဟာ သူ့ရဲ့အာဏာကို ပြသနေတာပါ။ ဒါပေမယ့် ဒီစာတမ်းက သူ့ကို ဒီအာဏာကို ဆက်ထိန်းသိမ်းဖို့ ကူညီတဲ့ ကိရိယာတစ်ခုလည်း ဖြစ်ပါတယ်” ဟု China Neican ပြောကြားခဲ့သည်။

စင်ကာပူ အမျိုးသားတက္ကသိုလ်မှ ဒေါက်တာ ချောင်ကျာအန်းက ယခုနောက်ဆုံး လုပ်ဆောင်ချက်သည် မစ္စတာ ရှီကို တခြားသော တရုတ်ခေါင်းဆောင်ဟောင်းများနှင့် ကွဲထွက်သွားစေသည်ဟု ဆိုသည်။

“ခေါင်းဆောင်ဟောင်းတွေဖြစ်တဲ့ ဟူကျင်တောင်နဲ့ကျန်ဇီမင်းတို့တောင် မစ္စတာရှီလို ခိုင်မာတောင်တင်းတဲ့ အခွင့်အာဏာ မရဘူးပါဘူး။ ဒါပေယ့် သူတို့ဟာ အဲဒီလို အခွင့်အရေးမျိုးပေးအပ်ခံရရင်တောင် ဒီလိုမျိုးလုပ်ဖို့ ဆန္ဒ ရှိ / မရှိ မသိနိုင်ဘူး” ဟု ဒေါက်တာချောင်က ဘီဘီစီ သို့ ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly