ဝါရှင်တန်ရှိ တိဗက်လူမျိုးများက လာမည့်ပေကျင်းအိုလံပစ်ပြိုင်ပွဲကိုဆန့်ကျင်ဆန္ဒပြ

ဝါရှင်တန်ရှိ တိဗက်လူမျိုးများက လာမည့်ပေကျင်းအိုလံပစ်ပြိုင်ပွဲကိုဆန့်ကျင်ဆန္ဒပြ

တိဗက်အသိုက်အဝန်းမှ အဖွဲ့ဝင်များသည် တရုတ်နိုင်ငံ၏ လူ့အခွင့်အရေးဆိုင်ရာ ပြဿနာများကြောင့်၂၀၂၂ ခုနှစ် ပေကျင်းအိုလံပစ်အားကစားပြိုင်ပွဲကို သပိတ်မှောက်ရန် ဝါရှင်တန်ဒီစီမြို့တော်၏ လာဖေးယက်ရင်ပြင်တွင်နိုဝင်ဘာ၁၅က စုဝေးဆန္ဒပြခဲ့ကြသည်။

“ နေ့လည် ၂ နာရီမှာ ပြုလုပ်မယ့် လူထုစုဝေးပွဲကို မမေ့ကြပါနဲ့။ စုဝေးပွဲရဲ့ သတင်းစာရှင်းလင်းပွဲအပိုင်း အတွက် ညနေ ၃ နာရီမှာ မီဒီယာတွေပါဝင်နိုင်ပါတယ်” ဟု Free Tibet ဆိုင်ရာ ကျောင်းသားများက တွစ်တာ၌ရေးသားခဲ့သည်။

လွန်ခဲ့သည့်လအနည်းငယ်အတွင်း ဝီဂါ၊ တိဗက်နှင့် ဟောင်ကောင် တက်ကြွလှုပ်ရှားသူများသည် ပေကျင်းအိုလံပစ်ကို အကြွင်းမဲ့သပိတ်မှောက်ရန် တောင်းဆိုကာ ကမ္ဘာတစ်ဝှမ်းတွင် ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြသည်။

လာမည့်နှစ် ပေကျင်းဆောင်းရာသီ အားကစားပြိုင်ပွဲ မတိုင်မီတွင် လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေးအဖွဲ့ (HRW) က အဆိုပါ အခမ်းအနားနှင့် ပတ်သက်၍ စိုးရိမ်မှုများ မြင့်တက်လာကြောင်းနှင့် နိုင်ငံတကာ အိုလံပစ်ကော်မတီ (IOC) ကို အဓိက ပံ့ပိုးသည့် လုပ်ငန်းများအနေဖြင့်တရုတ်နိုင်ငံရှိ လူ့အခွင့်အရေးချိုးဖောက်မှုများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ၎င်းတို့၏ သြဇာအရှိန်အဝါကို မည်သို့အသုံးပြုနေကြောင်း ရှင်းပြသင့်သည်ဟု ပြောကြားခဲ့သည်။

အထောက်အပံ့‌ေးသူများသည် ၂၀၂၂ခုနှစ်ပေကျင်းဆောင်းရာသီအားကစားပြိုင်ပွဲအတွက်သာမက အိုလံပစ်လုပ်ငန်းများနှင့်ပွဲစဉ်များ အားလုံးတွင် ဆိုးရွားသောမည်သည့်လူ့အခွင့်အရေးဆိုင်ရာ သက်ရောက်မှုမျိုး အတွက်မဆို အတည်ပြုသတ်မှတ်ရန်၊ တားဆီးရန်၊ လျှော့ချရန်နှင့်တာဝန်ယူရန် လူအခွင့်အရေး မူဝါဒတစ်ရပ်ချမှတ်ရေးIOC အား ဖိအားပေးသင့်သည်ဟု HRW ၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။ "ပေကျေင်း၂၀၂၂ ဆောင်းရာသီအိုလံပစ်ပွဲ ကျင်းပဖို့၃လပဲလိုပါတော့တယ်။ဒါပေမယ့် ပံ့ပိုးကူညီသူ တွေဟာ တရုတ်ရဲ့ ကြောက်မက်ဖွယ် လူ့အခွင့်အရေးမှတ်တမ်းကို ကိုင်တွယ်ဖြေရှင်းဖို့သူတို့ရဲ့ သြဇာအရှိန်အဝါကို ဘယ်လိုအသုံးချနေလဲဆိုတဲ့အပေါ်နှုတ်ဆိတ်နေတုန်းပဲဟု HRW မှ တရုတ်ဒါရိုက်တာ ဆိုဖီရစ်ချက်ဆင်က ပြောသည်။ “ဆင်ဆာဖြတ်တောက်မှုတွေနဲ့ ဖိနှိပ်မှုတွေ စွန်းထင်းနေတဲ့ အိုလံပစ်ပွဲတော်နဲ့ ဆက်နွှယ်နေမယ့်အစား လူ့အခွင့်အရေးစံနှုန်းတွေအတွက်သူတို့ရဲ့ ကတိကဝတ်ပြုမှုနဲ့ စွန့်စားမှုတွေကို ပြသဖို့ အခွင့်အရေးကို သူတို့ ဆုံးရှုံးနေတာပါ” ဟုဆိုဖီရစ်ချက်ဆင်ကဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly