ကိုဗစ်ကာကွယ်ဆေး Covaxin သည် ထိရောက်မှု ၇၇ ဒသမ ၈ ရာခိုင်နှုန်းရှိဟု Lancet ဆေးပညာဂျာနယ်ဖော်ပြ

ကိုဗစ်ကာကွယ်ဆေး Covaxin သည် ထိရောက်မှု ၇၇ ဒသမ ၈ ရာခိုင်နှုန်းရှိဟု Lancet ဆေးပညာဂျာနယ်ဖော်ပြ

ကိုဗစ်ရောဂါ ကာကွယ်ဆေး Covaxin ကို အရေးပေါ်အသုံးပြုခွင့် (EUA) အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ခွင့်ပြုခဲ့ပြီး နိုင်ငံပေါင်း ၁၇ နိုင်ငံက ထိုးခွင့်ပြုထားသည်။

အိန္ဒိယနိုင်ငံ ဟိုက်ဒါရာဘတ်မြို့အခြေစိုက် Bharat Biotech နှင့် ဆေးပညာမဂ္ဂဇင်း The Lancet တို့ ပူးပေါင်းကာ Covaxin အား ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ဆေးအတွက် အသုံးပြုခြင်းနှင့် ပတ်သက်၍ လေ့လာခဲ့ရာတွင် အဆိုပါ ကာကွယ်ဆေးသည် ရောဂါ မဖြစ်ပွားစေရန် ၇၇ ဒသမ ၈ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ကြောင်း ဖော်ပြထားသည်။

လေ့လာတွေ့ရှိသည့် အချက် ၅ ရပ်မှာ-- ဆေး ၂ လုံးထိုးပြီး ၂ ပတ်အကြာတွင် ကိုယ်ခံအားတုံ့ပြန်မှုစနစ် မြင့်တက်လာခြင်း၊ Covaxin ၏ ရေရှည် ဘေးကင်းလုံခြုံရေးနှင့် ထိရောက်မှု၊ ရောဂါကြောင့် ဆေးရုံသို့ မတင်ရစေရေး အတွက် ပိုမိုသိရှိရန် လိုအပ်သောကြောင့် သုတေသနများ ပိုမိုလုပ်ဆောင်ရန် လိုအပ်နေသေးခြင်း၊ သေဆုံးမှု လျှော့ချနိုင်ရေးနှင့် ကိုရိုနာဗိုင်းရပ်စ် Delta မျိုးကွဲနှင့် အခြားမျိုးကွဲများအာ ကာကွယ်နိုင်ရန် စမ်းသပ်မှုများ ဆက်လက်လုပ်ဆောင်ရန် လိုနေသေးခြင်း၊ ကာကွယ်ဆေး ၂ လုံးထိုးပြီးသူ ၂၄၄၁၉ အား လေ့လာရာတွင် ဒုတိယအလုံးထိုးပြီး ၁၄ ရက်နောက်ပိုင်း ကူးစက်ခံရကြောင်း သံသယရှိသူ ၆၈၄ ဦးကိုသာ တွေ့ရှိရခြင်းနှင့် ၎င်းတို့အနက်မှ ကူးစက်ခံရကြောင်း အတည်ပြုသူများအနက် အချို့သည် ကိုဗစ်ရောဂါဟု သတ်မှတ်ထားသည့်အချက်များနှင့် မကိုက်ညီသောကြောင့် ဆေး၏ ထိရောက်မှုသည် ၇၇ ဒသမ ၈ ရာခိုင်နှုန်းဟု ယူဆသတ်မှတ်နိုင်ကြောင်း ဖော်ပြထားသည်။

ခွင့်ပြုချက် ရရှိခြင်းကြောင့် Covaxin သည် AstraZeneca/Oxford ၊ Johnson&Johnson ၊ Moderna၊ Pfizer/BioNTech၊ Sinopharm, နှင့် Sinovac ကာကွယ်ဆေးများကဲ့သို့ပင် WHO အသိအမှတ်ပြု ကိုဗစ်ကာကွယ်ဆေးများ ထိပ်တန်းစာရင်းတွင် ပါရှိသွားပြီ ဖြစ်သည်။

Covaxin သည် လွယ်ကူစွာ သိုလှောင်နိုင်သည့် စနစ်ကြောင့် ဝင်ငွေနည်းသော၊ အလယ်အလတ်သာရှိသော နိုင်ငံများအတွက် အလွန်သင့်တော်ကြောင်း WHO က မှတ်ချက်ပြုထားသည်။

ယင်းဆေးကို အဆင့် ၃ စမ်းသပ်ချက်အား အိန္ဒိယနို်ငငံ၏ ၂၅ နေရာတွင် အသက် ၁၈ နှစ်မှ ၉၈ နှစ်အကြား ၂၅၇၈၉ ဦးကို လုပ်ဆောင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly