အိန္ဒိယက နောက် ၂၅ နှစ်အတွက် ပြင်ဆင်ရန် ကိုဗစ်-၁၉က အခွင့်အလမ်းများ ပေးခဲ့ကြောင်း ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီး ပြောကြား

အိန္ဒိယက နောက် ၂၅ နှစ်အတွက် ပြင်ဆင်ရန် ကိုဗစ်-၁၉က အခွင့်အလမ်းများ ပေးခဲ့ကြောင်း ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီး ပြောကြား

အိန္ဒိယနိုင်ငံအနေဖြင့် စီးပွးရေး အလွန်ကောင်းမွန်မည့် လမ်းကြောင်းပေါ်တွင် ရှိနေကြောင်းနှင့် လာမည့် ၂၅ နှစ် အတွက် ပြင်ဆင်ရန် အခွင့်အလမ်းများကို ကိုဗစ်-၁၉ ကပ်ရောဂါက ပေးခဲ့ကြောင်း ပြည်ထောင်စု ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုလုပ်ငန်းဝန်ကြီး ပီယွတ်ရှ် ဂိုရယ်က ပြောကြားလိုက်သည်။

ယခုနှစ် ၇ လအတွင်း ပို့ကုန်မှ ရရှိငွေသည် အမြင့်ဆုံးအဖြစ် အမေရိကန်ဒေါ်လာ ၂၃၅ ဘီလျံ ရှိခဲ့ကြောင်း ၎င်းက ပြောကြားသည်။

အိန္ဒိယ၏ ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများအခွန် (GST) ရရှိငွေသည် ရူပီး ကုဋေပေါင်း ၁ ဒသမ ၃သိန်းရရှိထားသလို ဝန်ဆောင်မှုဆိုင်ရာ စစ်တမ်းအညွှန်းကိန်း PMI သည်လည်း ၁၀ နှစ်စုအတွင်း အမြင့်ဆုံးရောက်နေကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“အသွားအလာ ပိတ်ဆို့ ကန့်သတ်မှုတွေကြောင့် ကပ်ရောဂါပြဿနာကို ဖြေရှင်းရာမှာ အခြားနိုင်ငံတွေနဲ့မတူဘဲ မိမိတို့နိုင်ငံ၏ စွမ်းဆောင်ရည်နဲ့ လုပ်ဆောင်နိုင်စွမ်းတွေကို မြှင့်တင်နိုင်ခဲ့ပါတယ်။ ကူးစက်မှု ကာကွယ်ရေး တစ်ကိုယ်ရည်သုံးပစ္စည်းတွေကနေ ကာကွယ်ဆေးအထိ အိန္ဒိယနဲ့ ကိုက်ညီမယ့် ပစ္စည်းတွေကို ဘယ်လို ဆောင်ရွက်ရက်မယ်ဆိုတာ သိရှိခဲ့ရပါတယ်” ဟု ဝန်ကြီးက ပြောသည်။

နိုင်ငံ၏ ထုတ်ကုန်မြှင့်တင်ရေးအစီအစဉ်သည် ကမ္ဘာနှင့် ပူးပေါင်းကာ အင်အားတိုးတက်စေရန် ဆောင်ရွက်ခြင်း ဖြစ်ကြောင်းလည်း ၎င်း က ပြောကြားသည်။

“သွင်းကုန်အားလုံးကို ပိတ်ဆို့ဖို့ မဟုတ်ပါဘူး။ ပြည်သူ ၁ ဒသမ ၃ ဘီလျံအတွက် အကျိုးရှိစေမယ့် အစီအစဉ် ဖြစ်ပါတယ်။ အနာဂါတ်အတွက် စွမ်းဆောင်ရည်များကို ဖန်တီးသွားမှာ ဖြစ်ပါတယ်” ဟု လည်း ၎င်းကပြောကြားသည်။

“အပြန်အလှန်လွတ်လပ်ပြီး မျှတတဲ့ ကုန်သွယ်ရေးစနစ်ကို အိန္ဒိယက ယုံကြည်ပါတယ်။ အိန္ဒိယ ထုတ်ကုန်ပစ္စည်းတွေရဲ့ စွမ်းဆောင်ရည်နဲ့ အရည်အသွေးကို ယုံကြည်ပါတယ်။ ပြည်တွင်း ထုတ်ကုန်ပစ္စည်းတွေရဲ့ အရည်အသွေး မပြည့်ဝမှသာ ပြည်ပက တင်သွင်းတာဖြစ်ပါတယ်။ ကျွန်တော်တို့က ပြည်တွင်းထုတ်ကုန်ပစ္စည်းတွေရဲ့ အရည်အသွေးမြှင့်တင်ရေးကို ဆောင်ရွက်နေပါတယ်” ဟုလည်း ဝန်ကြီးက ပြောကြားသည်။

ကမ္ဘာ့နိုင်ငံများက အိန္ဒိယကို တိုးတက်လာသည့် အင်အားကြီးနိုင်ငံအဖြစ် မြင်နေကြပြီဖြစ်သလို ယုံကြည်ရသည့် စီးပွားရေး မိတ်ဖက်နိုင်ငံအဖြစ် သတ်မှတ်ထားကြကြောင်းလည်း ၎င်းကပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly