ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အသိအမှတ်ပြုခြင်းကြောင့် ကိုဗစ်ကာကွယ်ဆေး Covaxin ထိုးပြီးသည့် အိန္ဒိယနိုင်ငံသားများ ခရီးသွားရာတွင် လွယ်ကူလာ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အသိအမှတ်ပြုခြင်းကြောင့် ကိုဗစ်ကာကွယ်ဆေး Covaxin ထိုးပြီးသည့် အိန္ဒိယနိုင်ငံသားများ ခရီးသွားရာတွင် လွယ်ကူလာ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အိန္ဒိယနိုင်ငံ Bharat Biotech ကုမ္ပဏီမှ ထုတ်လုပ်သည့် ကိုဗစ်ကာကွယ်ဆေး Covaxin အား နိုဝင်ဘာလအစောပိုင်းတွင် အသိအမှတ်ပြုလိုက်ခြင်းကြောင့် အိန္ဒိယနိုင်ငံသားများ ခရီးသွားရာတွင် အဆင်ပြေမှု သိသာစွာ တိုးတက်လာခဲ့သလို ကာကွယ်ဆေးအသီးသီးအတွက် သီးခြားအမိန့်များ ထုတ်ပြန်ထားသည့် နိုင်ငံများအနေဖြင့် Covaxin ကို အသိအမှတ်ပြုရေးအတွက် အိန္ဒိယအစိုးရက ဆွေးနွေးလျက်ရှိကြောင်း ပြည်ပရေးရာဝန်ကြီးဌာနက နိုဝင်ဘာ ၁၁ ရက်တွင် ထုတ်ပြန်လိုက်သည်။

ဝန်ကြီးဌာန၏ ပြောခွင့်ရအရာရှိ အာရင်ဒမ်ဘက်ချီက နိုင်ငံပေါင်း ၉၆ နိုင်ငံအနေဖြင့် WHO က ခွင့်ပြုထားသည့် ကာကွယ်ဆေးများကို လက်ခံထားရာတွင် အချို့နိုင်ငံများသည် Covishield နှင့် Covaxin ၂မျိုးစလုံးကို အသိအမှတ်ပြုသလို အချို့ နိုင်ငံများက Covishield သို့မဟုတ် Covaxin ဆေးတစ်မျိုးမျိုးကို လက်ခံထားသည်။

“WHO က Covaxin ကိုအသိအမှတ်ပြုထားတဲ့အတွက် ၉၆ နိုင်ငံ သို့မဟုတ် ယင်းထက် ပိုမိုသည့် နိုင်ငံများက ကာကွယ်ဆေး ၂ မျိုးစလုံး လက်ခံဖို့ ဆောင်ရွက်သွားပါမယ်။ ကာကွယ်ဆေးထိုးပြီးသား အိန္ဒိယနိုင်ငံသားတွေ ပြည်ပထွက်ခွာတဲ့အခါ လွယ်ကူအဆင်ပြေမှု သိသာစွာ တိုးတက်လာတာလို့ ထင်ပါတယ်” ဟု ၎င်း က ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly