ဘင်္ဂလားဒေ့ရှ်သို့ ထောက်ပံ့သည့် တရုတ်လက်နက်များ အရည်အသွေးမကောင်းသလို တာရှည်လည်း မခံနိုင်

By Colombo Gazette
20 November 2021
ဘင်္ဂလားဒေ့ရှ်သို့ ထောက်ပံ့သည့် တရုတ်လက်နက်များ အရည်အသွေးမကောင်းသလို တာရှည်လည်း မခံနိုင်

တရုတ်က အိန္ဒိယနိုင်ငံ၏ အနီးနားရှိ တောင်အာရှနှင့် အရှေ့တောင်အာရှနိုင်ငံအချို့သို့ အဓိက လက်နက်တင် ပို့သူအဖြစ် ဖြစ်လာရန် ကြိုးပမ်းနေသော်လည်း ဘင်္ဂလားဒေ့ရှ် လက်နက်ကိုင်တပ်ဖွဲ့များထံ ထောက်ပံ့ သည့် လက်နက်များ၏ အရည်အသွေးနှင့် တာရှည်ခံမှုအပေါ် မေးခွန်းထုတ်စရာ ဖြစ်လာနေသည်။

ဘင်္ဂလားဒေ့ရှ်ရေတပ်အတွက် အခြေခံလေ့ကျင့်ရေးလေယာဉ်၊ လေတပ်အတွက် K-8 လေယာဉ်များနှင့် ကြည်းတပ်အတွက် တာတိုလေကြောင်း ရန် ကာကွယ်ရေးစနစ်များအပြင် ဘင်္ဂလားဒေ့ရှ်ရေတပ်အတွက် အသစ်ထုတ်လုပ်ပေးထားသော ဖရီးဂိတ်သင်္ဘောများတွင် ချို့ယွင်းချက်များကို တွေ့ရှိခဲ့ကြောင်း Economic Times မှ စုစည်းဖော်ပြခဲ့သည်။

ဘင်္ဂလားဒေ့ရှ် ရေတပ်အတွက် တရုတ်မှ ပံ့ပိုးပေးသော ရေတပ်ပစ္စည်းများ၏ အရည်အသွေးကိုလည်း စစ်ဆေး နေကြောင်း ယင်းကိစ္စနှင့် နီးစပ်သူများက ပြောသည်။

လွန်ခဲ့သည့်ဆယ်စုနှစ်များအတွင်း တရုတ်စစ်လက်နက်ပစ္စည်းများဝယ်ယူရန် ဘင်္ဂလားဒေ့ရှ်က ဒေါ်လာ ၂ ဒသမ ၅၉ ဘီလီယံသုံးစွဲခဲ့သည်။

ဘင်္ဂလားဒေ့ရှ် ရေတပ်အတွက် 053H3 အမျိုးအစားဖရီးဂိတ်သင်္ဘောတွင် မီးထိန်းစနစ်အပြင် ရဟတ်ယာဉ် လောင်စာဆီနှင့် ဆီဖြည့်စနစ်တွင် ချို့ယွင်းချက်များ ရှိသည်။

ဂိုင်ရိုသံလိုက်အိမ်မြှောင်တွင်လည်း ချို့ယွင်းချက်များကို ရှာဖွေတွေ့ရှိခဲ့သည်။ ဖရီးဂိတ်များကို Poly Technologies Incကုမ္ပဏီမှ ထောက်ပံ့ပေးခဲ့သည်။

Poly Technologies သည် ဒုံးကျည်များနှင့် အခြားစစ်ဘက်ဆိုင်ရာ ထုတ်ကုန်များနှင့် ပတ်သက်သည့် ပေကျင်းမြို့တွင် ရုံးချုပ်ဖွင့်ထားသော China Poly Group Corporation ၏ ကုမ္ပဏီခွဲတစ်ခုဖြစ်သည်။

ယင်းကုမ္ပဏီကို တရုတ်စစ်တပ်က တည်ထောင်ခဲ့ပြီး တရုတ်ပြည်၏ အကြီးဆုံးလက်နက် တင်ပို့ရောင်းချ သူများထဲမှ တစ်ဦးဖြစ်သည်။

တရုတ်နိုင်ငံ Wanfeng Aviation of China ထောက်ပံ့ပေးသော Diamond DA-40 အခြေခံလေ့ကျင့်ရေး လေယာဉ်သည် ထိန်းချုပ်မှုစနစ်အမျိုးမျိုးလည်ပတ်မှုတွင် အခက်အခဲနှင့် ကြုံတွေ့နေရကြောင်း အမည် မဖော်လိုသည့် ပုဂ္ဂိုလ်တစ်ဦးက ပြောကြားခဲ့သည်။ Wanfeng Aviation သည် ၂၀၁၇ခုနှစ်တွင် သြစတြေးလျမှ Diamond Aircraft Industries ကို ဝယ်ယူခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly