တရုတ်ပြည်နယ် ၂၁ ခုတွင် ကိုဗစ်-၁၉ ရောဂါ ပြန်လည်ဖြစ်ပွားနေ

တရုတ်ပြည်နယ် ၂၁ ခုတွင် ကိုဗစ်-၁၉ ရောဂါ ပြန်လည်ဖြစ်ပွားနေ

တရုတ်နိုင်ငံတွင် နောက်ဆုံးပေါ် ကိုဗစ်-၁၉ ရောဂါ ပြန်လည်ဖြစ်ပွားမှုသည် နိုဝင်ဘာ ၁၃ရက်အထိ ပြည်နယ် အဆင့် ဒေသ ၂၁ ခုသို့ ပျံ့နှံ့သွားခဲ့ပြီး လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ပြည်တွင်း ကူးစက်မှု အသစ်များ သို့မဟုတ် ရောဂါလက္ခဏာမပြသော သယ်ဆောင်သူအသစ်များ တွေ့ရှိခဲ့ကြောင်း ကျန်းမာရေးအရာရှိက ပြောကြားခဲ့သည်။

တစ်ကမ္ဘာလုံးတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူဦးရေ သန်း ၂၅၀ ကျော်သွားသဖြင့် တရုတ်ပြည်တွင်းရောဂါ ကူးစက်မှုကို တားဆီးရန် စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်နေရကြောင်း အမျိုးသားကျန်းမာရေးကော်မရှင်၏ ပြောရေးဆိုခွင့်ရှိသူ မီဖန်းက သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။

တရုတ်ပြည်တွင် အပူချိန်နိမ့်ခြင်းကြောင့် ဖြစ်ပေါ်သော ကူးစက်တတ်သော အသက်ရှုလမ်းကြောင်းဆိုင်ရာ ဖျားနာမှုအန္တရာယ်ကိုလည်း ရင်ဆိုင်နေရကြောင်း မီက မှတ်ချက်ပြုခဲ့ပြီး ယင်းအခြေအနေမျိုးတွင် အန္တရာယ် ၂ဆတိုးလာသည်ဟုလည်း ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly