အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အပြည့်အဝ အကောင်အထည်ဖော်ရေး မြန်မာကို ကမ္ဘောဒီးယားနှင့် ဂျပန် တိုက်တွန်း 

By Phnompenh Post
20 November 2021
အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အပြည့်အဝ အကောင်အထည်ဖော်ရေး မြန်မာကို ကမ္ဘောဒီးယားနှင့် ဂျပန် တိုက်တွန်း 

နိုဝင်ဘာ ၂၀

ကမ္ဘောဒီးယားနိုင်ငံ၏ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေး ကြိုးပမ်းမှုများကို တိုး၍ ထောက်ခံသွားမည်ဟု ဂျပန်နိုင်ငံက ကတိကဝတ်ပြုရင်း မြန်မာနိုင်ငံအား အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ရပ်ကို အပြည့်အဝ အကောင်အထည်ဖော်ရန် ကမ္ဘောဒီးယားနှင့် ဂျပန်နိုင်ငံတို့က တိုက်တွန်းကြသည်။ 

ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး Prak Sokhonn နှင့် အသစ်ခန့်အပ်သော ဂျပန်နိုင်ငံခြားရေးဝန်ကြီး Hayashi Yoshimasa တို့ကြား နိုဝင်ဘာ ၁၈ ရက်က တယ်လီဖုန်းပြောဆိုမှုအတွင်း ကတိကဝတ်ပြုခြင်းပဲ ဖြစ်သည်။ 

“နိုင်ငံရေး ဘေးကင်းလုံခြုံမှု နယ်ပယ်မှာ Hayashi Yoshimasa က ကမ္ဘောဒီးယားရဲ့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေး ထိန်းသိမ်းမှုမှာ ပါဝင်မှုကို ဂုဏ်ပြုချီးကျူးပြီး ကမ္ဘောဒီးယားရဲ့ ကြိုးစားအားထုတ်မှုတွေကို ဆက်လက်ထောက်ပံ့သွားမယ်လို့ ကတိပြုခဲ့ပါတယ်”ဟု ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ 

ဝန်ကြီးနှစ်ဦးသည် အဆိုပါ ဖုန်းပြောဆိုမှု၌ မြန်မာနိုင်ငံက အခြေအနေများနှင့် ပတ်သက်ပြီး ရှည်ကြာစွာ ဆွေးနွေးခဲ့ကာ မြန်မာနိုင်ငံတွင် ပြဿနာကို ဖြေရှင်းရန် ငြိမ်းချမ်းသော ချည်းကပ်မှုကို ရှာဖွေပြီး ကူညီပံ့ပိုးသွားရေး၌ အာဆီယံ၏ အခရာကျသည်နှင့် ပတ်သက်ကာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်းလည်း ယင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။ 

“၂၀၂၁ ဧပြီ ၂၄ ရက်မှာ အာဆီယံခေါင်းဆောင်တွေ အစည်းအဝေး ရရှိခဲ့တဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို နောက်ထပ် နှောင့်နှေးခြင်းမရှိဘဲ အပြည့်အဝ အကောင်အထည်ဖော်သင့်တယ်”ဟု ကမ္ဘောဒီးယားရော၊ ဂျပန်နိုင်ငံကပါ ရှုမြင်သည်ဟု ယင်း၌ ဆက်လက်ဖော်ပြထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required