မြိတ်တဘက်ကမ်း ရွှေသာလျောင်းဘုရားသို့ ဘုရားဖူးသွားသည့် ​လှေ တိမ်းမှောက် ကလေး ၁ဦးသေ၊ ၁ဦးပျောက်ဆုံး 

By ကိုရွှေမြိတ်
19 November 2021
မြိတ်တဘက်ကမ်း ရွှေသာလျောင်းဘုရားသို့ ဘုရားဖူးသွားသည့် ​လှေ တိမ်းမှောက် ကလေး ၁ဦးသေ၊ ၁ဦးပျောက်ဆုံး 

နိုဝင်ဘာ ၁၉

တနင်္သာရီတိုင်း၊ မြိတ်မြို့တွင် နိုဝင်ဘာလ ၁၉ ရက်​နေ့ ညပိုင်းတွင် မြိတ်တဘက်ကမ်းရှိ ရွှေသာလျောင်းဘုရားသို့ ဘုရားဖူးသွားသည့် စက်လှေတစ်စင်း တိမ်းမှောက်မှု ဖြစ်စဉ်ကြောင့် ကလေးငယ် တစ်ဦး ရေနစ်သေဆုံးကာ တစ်ဦးပျောက်ဆုံးလျက်ရှိသည်။

"အခု တိမ်းမှောက်တာက ခရီးတင် စက်လှေ မဟုတ်ပါဘူး။ ငါးဖမ်းစက်လှေ တစ်စီးပါ မိသားစုဝင်တွေနဲ့ အိမ်နီးနားချင်းတွေ ဖြစ်ပါတယ်"လို့ မြိတ်​​မြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ ငါးဖမ်းစက်လှေသည် ​​မြိတ်​မြို့နယ် ရေ​နံ​​​မြ ရပ်ကွက် တောလှေဆိပ် တံတားအနီး ရွှေသာလျှောင်း ဘုရားဖူး အပြန်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ယင်းလှေတိမ်းမှောက်မှုကြောင့် အသက် လေးနှစ်ရှိ ကလေးငယ် တစ်ဦး ရေနစ်သေဆုံးခဲ့ကာ အသက် သုံးနှစ်အရွယ် ကလေးငယ်တစ်ဦး ပျောက်ဆုံးနေကြောင်း အထက်ပါ မီးသတ်ဦးစီးဌာနမှ သိရသည်။

အခင်းဖြစ်ပွားချိန်တွင် ၎င်း ငါးဖမ်းစက်လှေပေါ်တွင် ကလေး၊ လူကြီး အယောက် ၂၀ နီးပါး စီးနင်း လိုက်ပါခဲ့ကာ ရေစီးကြောင့် တိမ်းမှောက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required