ပုသိမ်မြို့မှာ အထည်ချုပ်ဖယ်ရီကား တိမ်းမှောက်ပြီး ၂ဦးသေဆုံး

ပုသိမ်မြို့မှာ အထည်ချုပ်ဖယ်ရီကား တိမ်းမှောက်ပြီး ၂ဦးသေဆုံး

နိုဝင်ဘာ ၁၉

ဧရာဝတီတိုင်း ပုသိမ်မြို့တွင် အထည်ချုပ်စက်ရုံတစ်ခုမှ ဖယ်ရီယာဉ်တစ်စီးမှာ ပုသိမ်တံတားအမှတ်(၂) အဆင်းတွင် တိမ်းမှောက်ရာ လူ နှစ်ဦးသေဆုံးမှု နိုဝင်ဘာလ ၁၉ရက်နေ့ ည ၇နာရီ ၄၅မိနစ်ခန့်က ဖြစ်ပွားခဲ့သည်။

“ကားက အကွေ့မှာ ထိန်းမရဘဲ သုံးပတ်လောက်လိမ့်သွားပြီးတော့ တစ်ဖက်လမ်းထဲကိုပါရောက်သွားပြီး မှောက်သွားတာ၊ ပရဟိတအဖွဲ့တွေ ရောက်လာပြီး လာခေါ်ကြတယ်။ နှစ်ယောက်ကတော့ အဲ့မှာပဲ ဆုံးသွားတယ်၊ ထိခိုက်ဒဏ်ရာပြင်းတဲ့သူက သုံးယောက်လောက်ရှိတယ်။ အားလုံးပေါင်းဆို ၁၀ယောက်လောက်ရှိတာ၊ လူအရေအတွက်တော့ တိတိကျကျမသိဘူး”ဟု အခင်းဖြစ်စဉ်နေရာကို ရောက်ရှိခဲ့သူ တစ်ဦးကပြောသည်။

ထိခိုက်ဒဏ်ရာပြင်းထန်သူများကို ပုသိမ်ဆေးရုံကြီးကို ပို့ဆောင်ပေးထားပြီး အသေးစိတ်ကိုစုံစမ်းနေဆဲဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly