ကမ္ဘာလုံးဆိုင်ရာတန်ဖိုးများကို ကာကွယ်သွားမည်ဟု ဂျပန်နိုင်ငံခြားရေးဝန်ကြီးအသစ် ကတိပြု

By ANI
19 November 2021
ကမ္ဘာလုံးဆိုင်ရာတန်ဖိုးများကို ကာကွယ်သွားမည်ဟု ဂျပန်နိုင်ငံခြားရေးဝန်ကြီးအသစ် ကတိပြု

ဂျပန်နိုင်ငံ၏ အသစ်ခန့်အပ်လိုက်သော နိုင်ငံခြားရေးဝန်ကြီး ယိုရှီမာဆာ ဟာယာရှီက တရုတ်၏ စစ်ရေးအရ ရန်စမှုများကြောင့် လုံခြုံရေးစိန်ခေါ်မှုများဖြစ်ပေါ်နေချိန်တွင် ကမ္ဘာလုံးဆိုင်ရာ တန်ဖိုးများနှင့် နိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးကို ကာကွယ်သွားမည်ဟု နိုဝင်ဘာ ၁၁ ရက်တွင် ကတိပြုခဲ့သည်။

“နိုင်ငံတကာ အစီအစဉ်တွေ၊ နိုင်ငံတကာအသိုက်အဝန်းရဲ့ တည်ငြိမ်မှုနဲ့ ငြိမ်းချမ်းရေးကို ထိန်းထားပေးတဲ့ ကမ္ဘာလုံးဆိုင်ရာ တန်ဖိုးတွေအတွက် ပိုပြီး လေးနက်တဲ့ စိန်ခေါ်မှုတွေကို ကျွန်တော်တို့ တွေ့မြင်နေရပါတယ်” ဟု နိုင်ငံခြားရေး ဝန်ကြီး ရာထူးတာဝန် စတင်ထမ်းဆောင်ပြီးနောက် ပထမဆုံး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

လက်ရှိအနေအထားကို ပြောင်းလဲမည့် တရုတ်၏ အစီအစဉ်များကို ဂျပန်က ပြတ်ပြတ်သားသား ဆန့်ကျင်သွား မည်ဟု ဟာယာရှီက အလေးပေးပြောကြားခဲ့ကြောင်း ကျိုဒိုသတင်းတွင် ဖော်ပြခဲ့သည်။

သို့သော် ဝန်ကြီးက ဘုံပြဿနာများကို ဖြေရှင်းရန် တရုတ်နှင့် အပြုသဘော ဆောင် သော ဆက်ဆံရေးတည်ဆောက်မည့် ရည်ရွယ်ချက်ကိုလည်း ကြေညာခဲ့သည်။

မြောက်ကိုရီးယားနှင့် တရုတ်တို့မှ ခြိမ်းခြောက်မှုများ တိုးလာနေသည့်အတွက် အင်ဒို-ပစိဖိတ်ဒေသတွင် အမေရိကန်နှင့် ဂျပန်အကြား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ဖော်ဆောင်ရန် အရေးကြီး ကြောင်းလည်း ၎င်းက အလေးအနက် ပြောကြားခဲ့သည်။

“လွတ်လပ်မှု၊ အခြေခံလူ့အခွင့်အရေးကို လေးစားမှုနဲ့ တရားဥပဒေစိုးမိုးရေးကို ဘယ်နိုင်ငံမဆို အာမခံ သင့်ပါတယ်” ဟု ဝန်ကြီးက ဆိုသည်။

ဟာယာရှီအား ဂျပန်နိုင်ငံခြားရေးဝန်ကြီးအဖြစ် အစိုးရအဖွဲ့အတွင်းဝန်ချုပ် မတ်ဆူနိုက နိုဝင်ဘာ ၈ရက်တွင် ခန့်အပ်ခဲ့သည်။

သူသည်ယခင်က နိုင်ငံ၏ ကာကွယ်ရေးဝန်ကြီး၊ သိပ္ပံနှင့် ပညာရေးဝန်ကြီးနှင့် စိုက်ပျိုးရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly