စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃ ဦး၏ အကြိမ်ကြိမ်အဓမ္မပြုကျင့်ခြင်းခံခဲ့ရသည့် တီးတိန်မြို့ အာလွယ်ကျေးရွာရှိ တစ်လသားအရွယ် ကလေးမိခင်(ဆက်သွယ်မေးမြန်းချက်)

စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃ ဦး၏ အကြိမ်ကြိမ်အဓမ္မပြုကျင့်ခြင်းခံခဲ့ရသည့် တီးတိန်မြို့ အာလွယ်ကျေးရွာရှိ တစ်လသားအရွယ် ကလေးမိခင်(ဆက်သွယ်မေးမြန်းချက်)

နိုဝင်ဘာလ ၁၈ ရက်

“ကျွန်မအမျိုးသားကို ရိုက်တယ်။ ကျွန်မကို အကြိမ်ကြိမ် အဓမ္မကျင့်တယ်။ အခု ကျွန်မကလေးကို နို့တောင် ကောင်းကောင်း မတိုက်နိုင်ဘူး။” 

ချင်းပြည်နယ်၊ တီးတိန်မြို့၊ အာလွယ်ကျေးရွာသို့ ပြီးခဲ့သည့် နိုဝင်ဘာ ၁၁ ရက် ညသန်းခေါင်တွင် စစ်ကောင်စီတပ်သားတချို့ ဝင်ရောက်လာပြီး ဒေသခံ အမျိုးသမီး နှစ်ဦးကို အဓမ္မပြုကျင့်ခဲ့သည်။ 

အကြမ်းဖက် စစ်ကောင်စီတပ်သားများသည် ဒေသကာကွယ်ရေး PDF တပ်ဖွဲ့များ ရှိသည်ဟု ဆိုကာ  နေအိမ်တစ်လုံးကို ဝင်ရောက်ရှာဖွေခဲ့ပြီး ကိုယ်ဝန် ခုနှစ်လ လွယ်ထားရသည့် အမျိုးသမီးကို အဓမ္မ ပြုကျင့်ခဲ့သည်။ ထို့နောက် အနီးရှိ အိမ်သို့ ဝင်ရောက်ကာ  တစ်လခွဲအရွယ် ကလေး မိခင်အမျိုးသမီးအား ခင်ပွန်းဖြစ်သူရှေ့တွင်  ထပ်မံ အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်သည်။ 

အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦး၏ အကြိမ်ကြိမ် အဓမ္မပြုကျင့်ခြင်းခံခဲ့ရသည့် တစ်လခွဲအရွယ် ကလေးမိခင် အမျိုးသမီးအား ကြုံတွေခဲ့ရသည့် အခြေအနေ၊ လက်ရှိရင်ဆိုင်နေရသည့် အခက်အခဲများနှင့် ပတ်သက်ပြီး မဇ္ဈိမက ဆက်သွယ်မေးမြန်းထားသည်။ 

(လက်ရှိအချိန်တွင် အဓမ္မပြုကျင့်ခံခဲ့ရသည့် အမျိုးသမီးနှစ်ဦးစလုံးသည် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည့် ZFU/PDF-Zoland ၏ စောင့်ရှောက်မှု နှင့်အတူ လုံခြုံသည့် နေရာတွင်ရောက်ရှိနေပြီ ဖြစ်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly