ချင်းတော်လှန်ရေးအဖွဲ့များနှင့် စစ်ကောင်စီတပ် တိုက်ပွဲများဖြစ်

By ပါခွီး
18 November 2021
ချင်းတော်လှန်ရေးအဖွဲ့များနှင့် စစ်ကောင်စီတပ် တိုက်ပွဲများဖြစ်

နိုဝင်ဘာ ၁၈

ချင်းအမျိုးသားတပ်မတော် (CNA)၊ ချင်းကာကွယ်ရေးတပ်ဖွဲ့ (ဟာခါး) (CDF-Hakha) နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ ဖြစ်ခဲ့ကြောင်း CNA ၏ ပြောခွင့်ရသူ ဆလိုင်းထက်နီက ပြောသည်။

“ကျွန်တော်တို့တပ်တွေက သူတို့ကို စောင့်ကြို တိုက်ခိုက်တာနဲ့ သူတို့ရဲ ဂိတ်တွေကို သွားပစ်ခဲ့တာတွေ ရှိတယ်” ၎င်းက ပြောသည်။

နိုဝင်ဘာ ၁၅ ရက် ညနေပိုင်းတွင် ဟားခါးမြို့နယ်၊ ခွာဘဲကျေးရွာသို့ ရောက်ရှိလာသည့် အင်အား ၅၀ ခန့်ပါ စစ်ကြောင်းအား ချင်းတော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ တစ်ဦး သေဆုံးပြီး ဒဏ်ရာရသူများရှိကာ ၎င်းတို့သည် ဟားခါးမြို့ဘက်သို့ ဆုတ်ခွာသွားသည်ဟု သိရသည်။

နိုဝင်ဘာ ၁၆ ရက် နံနက်တွင် ခွာဘဲရွာအနီး သို့ စစ်ကောင်စီတပ်များ ဒုတိယအကြိမ် ရောက်ရှိလာ၍ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်မှ တစ်ဦး သေဆုံးပြီး ကျည်ဆန်များနှင့် လူ့အသုံးအဆောင် ပစ္စည်းများ သိမ်းဆည်းရခဲ့ကြောင်း ၎င်းက ဆိုသည်။

ထို့အပြင် အဆိုပါနေ့ တွင်ပင် ဟားခါးမြို့၊ ထာရ်ရပ်ကွက်၊ မြို့သစ်လမ်းဆုံနှင့် မြို့အထွက် နေရာတို့တွင် ချင်းတော်လှန်ရေး ပူးပေါင်းအဖွဲ့များက ဝင်ရောက်ပစ်ခတ်မှုများ ရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required