ဖားကန့်ဒေသကို မထိန်းသိမ်းပါက အန္တရာယ်ရှိသည့် ဒေသအဖြစ်တည်ရှိနိုင်

ဖားကန့်ဒေသကို မထိန်းသိမ်းပါက အန္တရာယ်ရှိသည့် ဒေသအဖြစ်တည်ရှိနိုင်
(ဓာတ်ပုံ- မဇ္စျိမ)

နေပြည်တော်၊ဒီဇင်ဘာ၂၉ ။            ။ ကချင်ပြည်နယ်၊ ဖားကန့်ဒေသတွင် ဧကပေါင်းသောင်းနှင့်ချီ၍  ကျောက်မျက်တူးဖော်မှုကို မထိန်းသိမ်းပါက ချိုင့်ဝှမ်းကြီးများ၊ မြေဇာပုံကြီးများကျန်ရှိပြီး   နောင်တချိန်တွင် အသုံးမပြုနိုင်ခြင်းမရှိဘဲ အန္တရာယ်ရှိသည့် ဒေသအဖြစ်တည်ရှိနိုင်ကြောင်း ကချင် ပြည်နယ်မဲဆန္ဒနယ်မှ ဦခက်ထိန်နန်က လွှတ်တော်အစည်းအဝေးတွင်ပြောသည်။

“ ရေရှည်မှာ တတ်နိုင်သမျှ မြေဇာတွေကို ညှိုပြီး နောင်ကျောက်စိမ်းကုန်သွားရင်လဲပဲ လူတွေနေနိုင်တဲ့နေရာ၊ နှစ်ရှည်ပင်မျာစိုက်ပျိုးပြီးတော့ တန်ဖိုးရှိတဲ့နေရာ ဒေသဖြစ်အောင်   ဆောင်ရွက်ပြီးတော့   နိုင်ငံတော်၏ မြေဧရိယာဆုံးရှုံးမှုကို ထိန်သိမ်းနိုင်ဖို့ ကြိုတင်စီစဉ် ဆောင်ရွက်သင့်ပါ တယ်“၎င်းက ဟု ဒီဇင်ဘာလ(၂၉)ရက်နေ့က ကျင်းပသည့် လွှတ်တော်အစည်းအ ဝေးတွင် ပြောကြားခဲ့သည်။

လက်ရှိတွင် အစိုးရ ကဖားကန့်ဒေသကို ကျောက်မျက်ရတနာတူးဖော်မှုအား လုံးဝပိတ်သိမ်းခြင်း နည်းလမ်းနှင့် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ(၁၄၄)ထုတ်ပြန်၍ ကျာက်မျက်ရတနာတူးဖော်မှု ရပ်ဆိုင်းနိုင်နည်း လမ်းနှစ်ခု ကိုပေါင်း၍ ဆောင်ရွက် ရန် လွှတ်တော်သို့ တင်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly