ပုလောမြို့နယ်၊ နတ်အိမ်ထောင်ရွာရှိ ပျူစောထီးအဖွဲ့ဝင် နေအိမ်များ ပစ်ခတ်ခံရ

By ကိုရွှေမြိတ်
17 November 2021
ပုလောမြို့နယ်၊ နတ်အိမ်ထောင်ရွာရှိ ပျူစောထီးအဖွဲ့ဝင် နေအိမ်များ ပစ်ခတ်ခံရ

နိုဝင်ဘာ ၁၇

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ နတ်အိမ်တောင်ရွာရှိ ပျူစောထီးအဖွဲ့ဝင် နေအိမ်များကို ယနေ့ နိုဝင်ဘာ ၁၇ ရက် နံနက် ၄ နာရီ ဝန်းကျင်တွင် ပစ်ခတ်ခဲ့ကြောင်း ပုလော PRDF အဖွဲ့ဝင် တစ်ဦးက ပြောသည်။

"ကျွန်တော်တို့ သွားရောက် ပစ်ခတ်ချိန်မှာ သူတို့ဘက်က သတင်း ကြိုရထားတယ် ထင်တယ်။ ထိခိုက်မှု မရှိခဲ့ဘူး" ဟု၎င်းက ပြောသည်။

အဆိုပါ ကျေးရွာတွင် ပျူစောထီး အဖွဲ့ဝင် ဦးရေ ၃၀ ခန့် ရှိသည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly