မန္တလေးတွင် စာအုပ်များရောင်းချပေးနေမှုကို စစ်ကောင်စီက လာရောက်ပိတ်ပင်

မန္တလေးတွင် စာအုပ်များရောင်းချပေးနေမှုကို စစ်ကောင်စီက လာရောက်ပိတ်ပင်

နိုဝင်ဘာ ၁၇

မန္တလေးမြို့ 'စာချစ်သူများ' စာအုပ်ဆိုင်က စာအုပ်များ ပိဿာချိန်ဖြင့် ရောင်းချပေးနေသည်ကို စစ်ကောင်စီ လက်နက်ကိုင်အဖွဲ့က လာရောက် တားဆီး ပိတ်ပင်ခဲ့သည်ဟု မန္တလေးမြို့ခံ တစ်ဦးက ပြောသည်။

ယနေ့ နိုဝင်ဘာ ၁၇ ရက် နံနက်ပိုင်းတွင် အမရပူရမြို့နယ် မဟာဂန္ဓာရုံ ကျောင်းတိုက် အနီး၊ တောင်သမန်အင်း ကန်ပတ်လမ်း၌ သုတ၊ ရသ စာအုပ်များကို လူထုထံ ပိဿာချိန်ဖြင့် ရောင်းချပေးနေသည့် အဆိုပါ စာအုပ်ဆိုင် ပိတ်ပင်ခံရခြင်း ဖြစ်သည်။

"အသိဉာဏ်မဲ့သူ လုပ်ရပ်ပဲ။ ဘာမှတ်ချက်မှ မပေးချင်တော့ဘူး "ဟု မန္တလေးမြို့ခံ စာရေးဆရာ တစ်ဦးက ပြောသည်။

မန္တလေးမြို့ခံ တစ်ဦးမှလည်း "စာအုပ်စာပေဆိုတာ လူကောင်းသူကောင်းတွေကသာ နှစ်သက်တာ။ သူခိုးဂျပိုး လူစုတ်လူပဲ့တွေက ကြိုက်တာ မဟုတ်ဘူး"ဟု မှတ်ချက်ပြုသည်။

စာချစ်သူများ စာအုပ်ဆိုင်သည် နိုဝင်ဘာ ၁၇ ရက်မှ ၁၉ ရက်အထိ သုတ၊ ရသ စာအုပ်မျိုးစုံကို တစ်ပိဿာ ကျပ်နှစ်ထောင်ဖြင့် ရောင်းချပေးရန် စီစဥ်ထားသော်လည်း လက်ရှိတွင် စစ်ကောင်စီ လက်နက်ကိုင်အဖွဲ့၏ ပိတ်ပင်ခြင်းကြောင့် ဆက်လက် ရောင်းချနိုင်ခြင်း မရှိတော့ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly