၂၀၁၆ တွင် ဒုက္ခသည်များအတွက် ဂျာမနီပြည်နယ်များက ယူရို ၁၇ ဘီလျံခန့် အသုံးပြုမည်

၂၀၁၆ တွင် ဒုက္ခသည်များအတွက် ဂျာမနီပြည်နယ်များက ယူရို ၁၇ ဘီလျံခန့် အသုံးပြုမည်

ရိုက်တာ၊ ဒီဇင်ဘာ ၂၉ ။            ။ ၂၀၁၆ ခုနှစ်တွင် ဒုက္ခသည်အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ဂျာမနီနိုင်ငံ၏ ဖက်ဒရယ်ပြည်နယ်များက ယူရိုငွေ ၁၇ ဘီလျံခန့် အသုံးပြုရန် စီစဉ်လျက် ရှိကြောင်း ပြည်နယ်ဘဏ္ဍာရေးဝန်ကြီးများကြား ၎င်းပြုလုပ်ခဲ့သည့် လေ့လာမှုတစ်ခုကို ကိုးကား၍ Die Welt သတင်းစာက ဒီဇင်ဘာ ၂၉တွင် ဖော်ပြသည်။

ယခုကဲ့သို့အသုံးပြုမည့် ငွေပမာဏမှာ ၂၀၁၅တွင် ပညာရေးနှင့် သုတေသနဝန်ကြီးဋ္ဌာနအတွက် ချပေးရန် စီစဉ်ခဲ့သည့် ယူရို ၁၅ဒသမ၃ဘီလျံထက် ပိုများနေသည်။ ဂျာမနီက ပေးသည့် ရက်ရောမှု များကြောင့်လည်း ဂျာမနီသည် အရှေ့အလယ်ပိုင်းနှင့် အာဖရိကရှိ ပဋိပက္ခနှင့် ဆင်းရဲမွဲတေမှုတို့မှ ထွက်ပြေးလာသော ထောင်ပေါင်းများစွာသော ဒုက္ခသည်များက ဂျာမနီကို ဝင်နေချင်ကြသည်။

ပြသနာကို ကိုင်တွယ်ရန် ရုန်းကန်နေရကြောင်း ဂျာမနီပြည်နယ်များက အကြိမ်ကြိမ်ပြောကြားလျက်ရှိပြီး ဝန်ကြီးချုပ် အိန်ဂျလာမာကယ်၏ တံခါးဖွင့် ပေါ်လစီကြောင့်လည်း ၎င်း၏ ကွန်ဆာဗေးတစ် အသိုင်းအဝိုင်းအတွင်းမှာပင် တင်းမာမှုများဖြစ်လျက်ရှိသည်။ သေးငယ်သည့် ဘရီမင်ပြည်နယ်မပါဘဲ လက်ရှိအစီအစဉ်များအရ ပြည်နယ်များ၏ ပေါင်းစည်း အသုံးစရိတ်မှာ ယူရို ၁၆ဒသမ၅ဘီလျံရှိမည်ဟု Die Welt ကဖော်ပြခဲ့သည်။

၂၀၁၅တွင် ဒုက္ခသည် ၈၀၀,၀၀၀ခန့် ဂျာမနီသို့လာမည်ဆိုသည့် ဗဟိုအစိုးရ၏ခန့်မှန်းချက်အပေါ် ဘဏ္ဍာရေးဝန်ကြီးများက ၎င်းတို့၏ဘတ်ဂျက်ကို အခြေခံသဖြင့် အမှန်တကယ်ကုန်ကျမှုမှာ ပိုများလာနိုင် သည်ဟု သတင်းစာက ဆိုသည်။ အမှန်တကယ်အားဖြင့် ခိုလှုံခွင့်တောင်းခံသူ ၉၆၅,၀၀၀မှာ နိုဝင်ဘာလကုန်ကတည်းက ရောက်ရှိနေခဲ့ပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly