အိန္ဒိယတွင် ဒစ်ဂျစ်တယ်နည်းလမ်းဖြင့် ငွေပေးချေသည့် 'e-RUPI စနစ် စတင်ကျင့်သုံး

အိန္ဒိယတွင် ဒစ်ဂျစ်တယ်နည်းလမ်းဖြင့် ငွေပေးချေသည့် 'e-RUPI စနစ် စတင်ကျင့်သုံး

အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီက ဒစ်ဂျစ်တယ်စနစ်ဖြင့် ငွေပေးချေသည့် e-RUPI ကို စတင်လိုက်ခြင်းကြောင့် ဒစ်ဂျစ်တယ်နည်းပညာနယ်ပယ်နှင့် တိုးတက်မည့် အခြေအနေကောင်းများရှိသည့် နိုင်ငံလည်း ဖြစ်လာကြောင်း မီဒီယာသတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

ငွေပေးငွေယူ လုပ်ငန်းများတွင် ဒစ်ဂျစ်တယ်နည်းလမ်းများကို နိုင်ငံအများအပြားကဲ့သို့ ကျင်းသုံးလာနို်ငရန် အိန္ဒိယအနေဖြင့် လွန်ခဲ့များကစတင်၍ ကြိုးပမ်း လုပ်ဆောင်ခဲ့သောကြောင့် လူတန်းအစားအသီးသီး အထူးသဖြင့် ပညာတတ်များနှင့် မြို့ပြနေသူများအကြား အလွန်ရေပမ်းစားသည့် နည်းပညာအခြေခံ ကဏ္ဍတစ်ရပ်ဖြစ်လာခဲ့ကြောင်း Saudi Gazette သတင်းတွင် ဖော်ပြထားသည်။

ယခုအခါ အိန္ဒိယတွင် PhonePe၊ PayTM။ RazorPay ကဲ့သို့ ပြည်တွင်း ငွေပေးချေမှုနည်းလမ်းများ၊ GPay၊ PayPal၊ PayUmoney ကဲ့သို့ နိုင်ငံတကာမှ ငွေပေးချေမှု လုပ်ငန်းများနှင့်အတူ အစိုးရက ဆောင်ရွက်ထားသည့် အောင်မြင်မှုအရှိဆုံးနှင့် အသုံးပြုရအလွယ်ဆုံးစနစ် BHIM တို့ရှိလာပြီ ဖြစ်သည်။

ယခုစနစ်၏ အဓိက အားသာချက်မှာ တစ်ကြိမ်တည်း ငွေပေးချေသည့် နည်းလမ်းကို အသုံးပြုခြင်းဖြင့် အသုံးပြုသူများအနေဖြင့် ကဒ်မလိုဘဲ ဝယ်ယူသည့် ဘောက်ချာအတွက် ငွေပေးချေနိုင်ခြင်း၊ အင်တာနက်မှတစ်ဆင့် ဘဏ်နှင့်လုပ်ဆောင်ရာတွင် QR ကုဒ်တစ်ခုကို အသုံးပြုနိုင်ခြင်း ဖြစ်သည်။

ယခုစတင်အသုံးပြုလိုက်သည့် e-RUPI သည် ပြည်သူအများအပြားအနေဖြင့် ဒစ်ဂျစ်တယ်နည်းလမ်းဖြင့် ငွေပေးချေခြင်းကို တာဝန်ယူမှု၊ ပွင့်လင်းမြင်သာမှု ရှိစွာဖြင့် လုပ်ဆောင်နိုင်မည်ဟု Saudi Gazette တွင် ဖော်ပြထားသည်။

ဒစ်ဂျစ်တယ်နည်းလမ်းဖြင့် ငွေပေးချေသည့် e-RUPI ကို အိန္ဒိယအစိုးရ၏ ငွေပေးချေရေးဆိုင်ရာ နိုင်ငံအဆင့် ကော်ပိုရေးရှင်း၏ UPI ဌာနက ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများဌာန၊ ကျန်းမာရေနှင့် မိသားစုဖူလုံရေး ဝန်ကြီးဌာန၊ နိုင်ငံတော် ကျန်းမာရေးအာဏာပိုင်အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခြင်း ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly