ဂျမူးနှင့် ကက်ရှ်မီးယားတွင် ထရောက်ရေချိုငါး မွေးမြူရန် ကူညီခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနေ

ဂျမူးနှင့် ကက်ရှ်မီးယားတွင် ထရောက်ရေချိုငါး မွေးမြူရန် ကူညီခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနေ

အိန္ဒိယနိုင်ငံ ဂျမူးနှင့် ကက်ရှ်မီးယားဒေသ အစိုးရ၏ ငါးလုပ်ငန်းဌာနက ရာဂျူရီခရိုင်၊ သာနန်မန်ဒိ မြို့တွင် အလုပ်လက်မဲ့များအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေနိုင်ရန် အကူအညီများ ပေးအပ်လျက်ရှိသည်။

ယင်းအစီအစဉ်အရ ဒေသအတွင်းရှိ အလုပ်လက်မဲ့များအနေဖြင့် ထရောက်ရေချိုငါး မွေးမြူရေကို စတင်လုပ်ကိုင်လျက်ရှိသည်။

“ဒီစီမံကိန်းကို ဆောင်ရွက်နေတာ ၆/၇ လလောက်ရှိပါပြီ။ ထရောက်ငါးမွေးမြူရေးဟာ ကျွန်တော်တို့အတွက် အလုပ်ဖြစ်ပါတယ်” ဟု ငါးမွေးမြူသူတစ်ဦးဖြစ်သည့် ဆယ်လ်မာခိုအူဆာက ပြောကြားသည်။

“အလုပ်မရှိတဲ့သူတွေအတွက် ငါးမွေးမြူရေးက အလုပ်အကိုင်ရင်းမြစ်တစ်ခု ဖြစ်ပါတယ်။ ထရောက်ငါးတွေကို ဘယ်လိုမွေးရမယ်ဆိုတာ လေ့ကျင့် သင်ကြာပေးတယ်။ ဒီနှစ်လူအများကြီး တက်ရောက်ကြတယ်။ ထရောက်ငါးတွေကို မွေးမြူခြင်းကြောင့် ဝင်ငွေကောင်းကောင်း ရနိုင်ပါတယ်” ဟု ငါးလုပ်ငန်းဌာန လက်ထောက်ညွှန်ကြားရေးမှူးက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly