ပြည်သူတို့က မတရားမှုများကို တိုင်ကြားနိုင်သည့် အထူးဖုန်းလိုင်းကို ဂျမူးနှင့် ကက်ရှ်မီးယားအစိုးရ တပ်ဆင်

ပြည်သူတို့က မတရားမှုများကို တိုင်ကြားနိုင်သည့် အထူးဖုန်းလိုင်းကို ဂျမူးနှင့် ကက်ရှ်မီးယားအစိုးရ တပ်ဆင်

ပြည်သူများက မတရားမှုများကို ရုံးဖွင့်ရက်များတွင် နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအထိ အထွေထွေ အုပ်ချုပ်ရေးဌာန (GAD) သို့ တိုင်ကြားနိုင်သည့် သီးခြားဖုန်းလိုင်းတစ်ခုကို ဂျမူးနှင့် ကက်ရှ်မီးယားအစိုးရက နိုဝင်ဘာ ၉ ရက်တွင် စတင်တပ်ဆင်လိုက်သည်။

တိုင်ကြားနိုင်သည့် ဖုန်းနံပါတ်များနှင့် သက်ဆိုင်ရာအရာရှိအမည်ကိုလည်း အဆိုပါက ဌာနက ထုတ်ပြန်ပေးခဲ့သည်။

“ သက်ဆိုင်ရာ အုပ်ချုပ်ရေးအရာရှိတွေက ရုံးဖွင့်ရက်တွေမှာ ဖုန်းနံပါတ် အသီးအသီးကို ရောက်ရှိလာတဲ့ တိုင်ကြားမှုတွေကို ည‌နေ ၂ နာရီခွဲနဲ့ ၃ နာရီခွဲအကြားမှာ နားထောင်သွားမှာပါ” ဟု GAD ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly