တရုတ်အစိုးရက မြေနှင့်အိမ်ရာများကို တလွဲအသုံးချနေသည့် စံပြမြို့ပြများကို ဖြိုခွင်းပြီး ကြွေးမြီများကို စုဆောင်းနေ

တရုတ်အစိုးရက မြေနှင့်အိမ်ရာများကို တလွဲအသုံးချနေသည့် စံပြမြို့ပြများကို ဖြိုခွင်းပြီး ကြွေးမြီများကို စုဆောင်းနေ

တရုတ်နိုင်ငံတစ်ဝှမ်းတွင် ခရီးသွားလုပ်ငန်းနှင့် ဒေသတွင်းဝင်ငွေ မြှင့်တင်ရန် ရည်ရွယ်သော ပဏာမခြေလှမ်း၏ တစ်စိတ်တစ်ပိုင်းဖြစ်သည့်မရောင်းရသေးသော အိမ်များ သို့မဟုတ် အတုအယောင် သမိုင်းဝင် ဗိသုကာလက်ရာများဖြင့် ပြည့်နှက်လျက်ရှိသောအစီအစဉ်ညံ့ဖျင်းလှသည့် လူသူမဲ့မြို့များသည် တရုတ်အစိုးရ၏ အနီးကပ် စစ်ဆေးမှုခံနေရကာ ဖယ်ရှားသုတ်သင်မှုခံရမည့်အရေးနှင့် ရင်ဆိုင်နေရသည်။

ယင်းကဲ့သို့ ဆောင်ရွက်ချက်သည် မြင့်မားလှသော ဒေသန္တရအစိုးရ၏ ကြွေးမြီနှင့် လွန်ကဲမှုများကို နှိမ်နင်းရန် ဗဟိုအစိုးရ၏ ကြိုးပမ်းမှုနှင့်အညီ လုပ်ဆောင်ခြင်းဖြစ်သည်။

ထူးခြားသောဝိသေသလက္ခဏာရှိသည့်မြို့များသည် မြေယာအသုံးပြုမှု၊ ဂေဟစနစ်ထိန်းသိမ်းမှု၊ ဆက်စပ်ကြွေးမြီ၊ လိုအပ်ချက်နှင့် ဘေးကင်းမှု စသည်တို့အပါအဝင် သတ်မှတ်စံနှုန်းများနှင့် မကိုက်ညီပါက သေချာ အကဲဖြတ်မည်ဖြစ်ကာ ပိတ်ပစ်မည်ဖြစ်ကြောင်း ပြည်နယ်စီမံကိန်းရေးဆွဲသောအဖွဲ့အစည်းဖြစ်သည့် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင်က ပြီးခဲ့သည့်လတွင် ကြေညာခဲ့သည်။

လွန်ခဲ့သည့် ၅ နှစ်ခန့်က တရုတ်၏ မြို့ပြတည်ဆောက်ခြင်းကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် မြို့ကြီးများ၏ အပြင်ဘက်တွင် ယခုကဲ့သို့ စံပြမြို့များကို စတည်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

စံပြပုံစံမြို့များဟုခေါ်ဆိုသော အဆိုပါ မြို့အများအပြားသည် ရင်းနှီးမြှုပ်နှံငွေမလုံလောက်တော့ခြင်းကြောင့် ဆောက်လုပ်ဆဲလမ်းခုလတ်တွင် စွန့်ပစ်ခံခဲ့ကြရသလို လာရောက် သူနည်းပါးခြင်းကြောင့် ဒေဝါလီခံခြင်းများ ကြုံတွေ့နေရသည်။

အဆိုပါမြို့များကို အထောက်အပံ့ဖြစ်စေရန်နှင့် ရေရှည်တည်တံ့မှုရရှိစေရန် အိမ်ရာရောင်းချမှုအပေါ် အလွန်အကျွံမှီခိုခြင်းသည် အန္တရာယ်ရှိကြောင်း လေ့လာသုံးသပ်သူများနှင့် အာဏာပိုင်များက ပြီးခဲ့သည့် နှစ်များအတွင်း သတိပေးခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်က တရုတ်နိုင်ငံအစိုးရအဖွဲ့မှ နိုင်ငံတော်ကောင်စီက ၎င်း၏ ကြွေးမြီလျှော့ချရေး အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဒေသဆိုင်ရာ အစိုးရစီမံကိန်းများကို စောင့်ကြည့်နေကြောင်း ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly