တရုတ်က သီရိလင်္ကာတွင် စစ်အခြေစိုက်စခန်းတစ်ခု ထူထောင်နိုင်ဖွယ်ရှိနေ

By Iffras
17 November 2021
တရုတ်က သီရိလင်္ကာတွင် စစ်အခြေစိုက်စခန်းတစ်ခု ထူထောင်နိုင်ဖွယ်ရှိနေ

အမေရိကန်ကွန်ဂရက်သို့ တင်သွင်းသည့် ပင်တဂွန်၏ ၂၀၂၁ခုနှစ် နှစ်ပတ်လည် အစီရင်ခံစာတွင် သီရိလင်္ကာတွင် စစ်အခြေစိုက်စခန်းတစ်ခု ထူထောင်ရန် တရုတ်နိုင်ငံက စဉ်းစားဖွယ်ရှိကြောင်း ဖော်ပြထားသည်။

တရုတ်က ခါးပတ်လမ်းစီမံကိန်း(OBOR) ကို မြှင့်တင်ရန် တောင်အာရှနှင့် ဥရောပ၏ အစိတ်အပိုင်း များတွင် နက်ရှိုင်းသော အကျိုးစီးပွားများကို ဖော်ဆောင်နေစဉ် ယခုကိစ္စ ထွက်ပေါ်လာခြင်းဖြစ်သည်။

ဟမ်ဘန်တိုတာဆိပ်ကမ်းကို တရုတ်က ၉၉ နှစ်ကြာ ထိန်းချုပ်ထားပြီး ကိုလံဘို၏ မဟာဗျူဟာကျသော ဆိပ်ကမ်းနှင့် ကပ်လျက်ရှိသည့် တရုတ်တို့ ဖန်တီးထားသည့် ကျွန်းအတုဖြစ်သည့် ကိုလံဘိုဆိပ်ကမ်းမြို့ ၏ တရုတ်ဆိပ်ကမ်း အင်ဂျင်နီယာကုမ္ပဏီလီမိတက် (CHEC) ကို ၉၉ နှစ်ကြာ ငှားရမ်းခဲ့သည် အမေရိကန်အနေဖြင့် ယင်း၏ စစ်ရေးဗျူဟာကို ပြန်လည်စဉ်စားခဲ့ရသလို အင်ဒို-ပစိဖိတ်ဒေသကို အာရုံစိုက်လာရသည်။

သီရိလင်္ကာတွင် တရုတ်က နိုင်ငံရေးဆက်နွှယ်သည့် အကူအညီများပေးလာပြီးနောက် စိုးရိမ်ပူပန်မှုများ မြင့်တက်လာခဲ့သည်။

ဆီလန်ဒီဗာလက်အောက်ရှိ ဆိပ်ကမ်းမြို့တိုးချဲ့ရေးစီမံကိန်း၏ တစ်စိတ်တစ်ပိုင်းအဖြစ် တရုတ်က ကိုလံဘိုမြို့၌ စီးပွားရေးလုပ်ငန်းအတွက် မြေယာများရယူနေပြီး ယင်းတို့ကို သံသယဖြစ်ဖွယ် သဘောတူညီချက်များအဖြစ် ယူဆကြပြီး ပွင့်လင်းမြင်သာမှု မရှိကြပေ။

သီရိလင်္ကာတောင်ပိုင်း၊ ဟမ်ဘန်တိုတာခရိုင်နှင့် စီးပွားရေးမြို့တော်ဖြစ်သော ကိုလံဘိုတို့တွင်လည်း မဟာဗျူ ဟာမြောက် ခါးပတ်လမ်းစီမံကိန်းမှတဆင့် သိမ်းသွင်းနေသည့်အတွက် သီရိလင်္ကာကျွန်းကို တရုတ်က နယ်ချဲ့နေခြင်းအတွက် ပြင်းပြင်းထန်ထန် ဝေဖန်ခံနေရသည်။

ပင်တဂွန်၏ အစီရင်ခံစာအရ ခါးပတ်လမ်းစီမံကိန်းကို ၂၀၁၃ခုနှစ်တွင် ပထမဆုံးကြေညာခဲ့ပြီး ယင်းသည် သမ္မတ ရှီကျင့်ဖျင် လက်မှတ် ရေးထိုးထားသည့် နိုင်ငံခြားရေးနှင့် စီးပွားရေးမူဝါဒဖြစ်သည်။

သီရိလင်္ကာအစိုးရအဆက်ဆက်သည် ၁၀ စုနှစ်တစ်ခုနီးပါး မြေယာပေးရုံသာမက ဖွံ့ဖြိုးတိုးတက်ရေး အမည်ဖြင့် တရုတ်ကို ဝင်ရောက်ထိုးဖောက်ခွင့်ပေးခြင်းဖြင့် တရုတ်၏ တည်ရှိမှုကို အားကောင်းစေခဲ့သည်။

သီရိလင်္ကာအပြင် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်၏ စစ်ဘက်ဆိုင်ရာ ထောက်ပံ့ရေးဌာနများကို တည်ဆောက်ရန် မြန်မာ၊ ထိုင်း၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ ပါကစ္စတန်၊ အာရပ်စော်ဘွားများ ပြည်ထောင်စု၊ ကင်ညာ၊ ဆေရှဲလ်၊ တန်ဇန်းနီးယား၊ အန်ဂိုလာနှင့် တာဂျစ်ကစ္စတန်တို့တွင်ပါ ထည့်သွင်းစဉ်းထား စားဖွယ်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly