အိန္ဒိယစစ်တပ်၏ စွမ်းဆောင်ရည် ပိုမိုကောင်းမွန်စေရန် အရေးကြီးနေကြောင်း စစ်တပ်အကြီးအကဲ ပြောကြား

အိန္ဒိယစစ်တပ်၏ စွမ်းဆောင်ရည် ပိုမိုကောင်းမွန်စေရန် အရေးကြီးနေကြောင်း စစ်တပ်အကြီးအကဲ ပြောကြား

လက်ရှိ ကမ္ဘာ့အခြေအနေကို အပြောင်းအလဲ ဖြစ်စေသည့် အဖျက်လုပ်ငန်းမှ နည်းပညာများကြောင့် မိမိတို့ စစ်တပ်၏ စွမ်းဆောင်ရည်ကို မြှင့်တင်ရန် လိုအပ်နေကြောင်း အိမ်နီးချင်း ၂ နိုင်ငံနှင့် ပတ်သက်၍ နယ်စပ်တွင် ဖြစ်ပေါ်နေသည့် အခြေအနေများကို အိန္ဒိယစစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး မနော့မူခွန် နာရာဗိန်းက ပြောကြားလိုက်သည်။

“အဖျက်နည်းပညာများက ခေတ်သစ်ကမ္ဘာ့ရဲ့ အခြေအနေကို ပြောင်းလဲမှု ဖြစ်စေတာဟာ အရင်ကထက် ပိုပြီး မြန်ဆန်နေပါတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ မြောက်ပိုင်းနဲ့ အရှေ့ပိုင်းက အိမ်နီးချင်းတွေရဲ့ နယ်စပ်တွေက အခြေအနေတွေကြောင့် စွမ်းရည် တိုးမြင့်ရေးဟာ နိုင်ငံအဆင့် အရေးတကြီး လိုအပ်ချက် ဖြစ်နေပါတယ်” ဟု အိန္ဒိယစစ်တပ်အကြီးအကဲက အွန်လိုင်း မိန့်ခွန်းတွင် ပြောကြားသည်။

အိနိ္ဒယစစ်တပ်သည် သိပ္ပံပညာရပ်ဆိုင်ရာ သီးခြားအဖွဲ့အစည်းတစ်ခုဖြစ်သည့် Bhaskaracharya National Institute for Space Application and Geo-Informatics (BISAG-N) နှင့် နားလည်မှုစာချွှန်လွှာ လက်မှတ်ရေးထိုးလိုက်ကြောင်း ကာကွယ်ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

အဆိုပါ သဘောတူညီချက်အရ သတင်းအချက်အလက်နည်းပညာ၊ အိုင်တီ နည်းပညာ၊ သုတေသနနှင့် ပညာရပ်ဆိုင်ရာ ကဏ္ဍများတွင် ဗဟုသုတများကို ဖလှယ်သွားကြမည်ဖြစ်သည်။

ယခုရေးထိုးသည့် သဘောတူစာချုပ်သည် အိန္ဒိယစ်တပ်အတွက် စစ်ဆင်ရေး စွမ်းရည်များ ပိုမိုအားကောင်းလာစေရန် ဆန်းသစ်သည့် နည်းပညာဆိုင်ရာ လေ့ကျင့်မှုများမှု BISAG-N မှ ရရှိစေမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၏ တရားဝင်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အီလက်ထရောနစ်နှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနအောက်ရှိ BISAG-N သည် တိုးတက် ပြောင်းလဲနေသော နည်းပညာနယ်ပယ်အတွက် ဗဟုသုတဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများအတွက် ကြာခံအဖြစ် ဆောင်ရွက်သွားမည်ဖြစ်သည်။

ဗိုလ်ချုပ်ကြီး မနော့မူခွန် နာရာဗိန်းက ကိုယ်အားကိုယ်ကိုးခြင်းသည် နည်းပညာနယ်ပယ်တွင် အခြားပြိုင်ဘက်များထက် သာလွန်စေနိုင်သလို ယခုပူးပေါင်းဆောင်ရွက်မှုသည် အလားအလာကောင်းသည့် စတင်ခြင်းဖြစ်ကြောင်း ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly