အိန္ဒိယနိုင်ငံ၏ ကာကွယ်ဆေးလက်မှတ်ကို အသိအမှတ်ပြုရန် ၉၆ နိုင်ငံ သဘောတူ

အိန္ဒိယနိုင်ငံ၏ ကာကွယ်ဆေးလက်မှတ်ကို အသိအမှတ်ပြုရန် ၉၆ နိုင်ငံ သဘောတူ

ကိုဗစ်-၁၉ ကာကွယ်ဆေး လက်မှတ်ကို အပြန်အလှန် အသိအမှတ်ပြုရေးအတွက် အိန္ဒိယနှင့် ၉၆ နိုင်ငံတို့အကြား သဘောတူညီချက် ရရှိထားကြောင်း ပြည်ထာင်စု ကျန်းမာရေးဝန်ကြီး မန်ဆူခါ မန်ဒါဝီယာက ပြောကြားထားကြောင်း နိုဝင်ဘာ ၉ ရက်က ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့ပြင် ဗြိတိန်အစိုးရက အိန္ဒိယ၏ Covaxin ကာကွယ်ဆေး ထိုးပြီး ပြည်ပမှ လာရောက်မည့်သူများကို နိုင်ငံသို့ ဆိုက်ရောက်ချိန်၌ သီးခြားခွဲ၍ နေထိုင်ရန် မလိုသည့် စာရင်းတွင် ထည့်သွင်းပေးမည်ဖြစ်ကြောင်းလည်း ကြေညာခဲ့သည်။ အဆိုပါ အပြောင်းအလဲများသည် နိုဝင်ဘာ ၂၂ ရက် နံနက် ၄ နာရီမှ စတင်အသက်ဝင်မည်ြဖစ်သည်။

နိုဝင်ဘာ ၉ ရက်က ထုတ်ပြန်ခဲ့သည့် ကျန်းမာရေးဝန်ကြီးဌာန၏ ကြေညာချက်တွင် “လက်ရှိအချိန်တွင် ကာကွယ်ဆေးလက်မှတ်များနှင့် WHO အသိအမှတ်ပြု ကို ၉၆ နိုင်ငံက အပြန်အလှန်အသိအမှတ်ပြုရန် သဘောတူထားပြီး COVISHIELD ကာကွယ်ဆေး အပြည့်အဝထိုးပြီးသား ခရီးသည်များကိုလည်း အသိအမှတ်ပြုထားသည်။ ယင်းနိုင်ငံများမှ လာရောက်သူများအနေဖြင့် နိုင်ငံတကာမှ ဆိုက်ရောက်သူများဆိုင်ရာ ပြည်ထောင်စုကျန်းမာရေးဝန်ကြီးဌာန၏ စည်းကမ်းသတ်မှတ်ချက်အချို့မှ ကင်းလွတ်ခွင့်ပြုထားသည်။ ထို့ပြင် အိန္ဒိယနိုင်ငံ၏ ကိုဗစ်ကာကွယ်ဆေးစီအစဉ်ကို လက်ခံအသိအမှတ်ပြုပြီး ပညာရေး၊ စီးပွားရေးနှင့် ကမ္ဘာလှည့်လုပ်ငန်းများအတွက် ခရီးသွားခြင်းများအတွက် ဖြေလျော့မှုများ ဆောင်ရွက်ပေးရန် ကျန်နိုင်ငံများနှင့်လည်း ပြည်ထောင်စုဝန်ကြီးဌာနကပ ဆက်သွယ်ဆောင်ရွက်သွားမည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကျန်းမာရေးနှင့် မိသားစုဖူလုံရေးဝန်ကြီးဌာနနှင့် ပြည်ပရေးရာ ဝန်ကြီးဌာနတို့ ပူးပေါင်းကာ နိုင်ငံတကာ ခရီးသွားလာမှုများတွင် အဆင်ပြေချောမွေ့စေရေးအတွက် ကိုဗစ်ကာကွယ်ဆေးလက်မှတ်များကို အပြန်အလှန် အသိအမှတ်ပြုရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly