ကမ္ဘာ့ရာသီဥတုထိန်းသိမ်းရေး စွမ်းဆောင်မှုတွင် အိန္ဒိယက အဆင့် ၁၀ အတွင်းရှိ

By The Time of india
16 November 2021
ကမ္ဘာ့ရာသီဥတုထိန်းသိမ်းရေး စွမ်းဆောင်မှုတွင် အိန္ဒိယက အဆင့် ၁၀ အတွင်းရှိ

ကမ္ဘာ့ရာသီဥတု ထိန်းသိမ်းရေးဆောင်ရွက်ချက် အညွှန်းကိန်း (CCPI) တွင် အိန္ဒိယနိုင်ငံက တတိယမြောက်နှစ်အဖြစ် အဆင့် ၁၀ အတွင်း ရပ်တည်လျက်ရှိကြောင်း စကော့တလန်နိုင်ငံ၊ ဂလက်စဂိုးမြို့၌ ကျင်းပသည့် COP26 ဆွေးနွေးပွဲ၏ သီးခြားအစီအစဉ်တွင် Germanwatch အဖွဲ့က နိုဝင်ဘာ ၉ ရက်၌ ထုတ်ပြန်လိုက်သည်။

အဆိုပါ အညွှန်းကိန်းတွင် အမြင့်ဆုံး အဆင့်သတ်မှတ်ခံရသည့် နိုင်ငံမပါဝင်သောကြောင့် ထိပ်ဆုံး ၃ နေရာတွင် ကွက်လပ်ဖြစ်နေပြီး ဒိန်းမတ်က ထိပ်ဆုံးမှ အဆင့် ၄ နေရာတွင် ရရှိကာ အိန္ဒိယက အဆင့် ၁၀ တွင် ၇ နိုင်ငံမြောက်အဖြစ် ရပ်တည်ခဲ့သည်။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် နိုင်ငံ၏ စီးပွားရေးပုံမှန်ပြန်ဖြစ်ရန် စည်းမျဉ်းဆိုင်ရာ ဖြေလျော့ညှိနှိုင်းမှုများ လုပ်ဆောင်ရသော်လည်း အိနိ္ဒယအနေဖြင့် CCPI 2022 တွင် အဆင့် ၁၀ ၌ ဆက်လက်ရပ်တည်နိုင်ခဲ့သည်။

ကမ္ဘာ့ပေါ်တွင် လေထုညစ်ညမ်းမှု အဖြစ်စေဆုံးနိုင်ငံဖြစ်သည့် တရုတ်သည် ယမန်နှစ်က အဆင့် ၃၃ နေရာတွင် ရှိရာမှ ယခုနှစ်တွင် အဆင့် ၃၇ သို့ ကျဆင်းသွားသလို ကာဗွန်ထုတ်လွှတ်မှု ဒုတိယအများဆုံးနိုင်ငံဖြစ်သည့် အမေရိကန်က အဆင့် ၅၅ နေရာတွင် ရှိခဲ့သည်။

၂၀၂၁ ခုနှစ်အတွင်း ဆောင်ရွက်ချက် အညွှန်းကိန်းပေါ် အခြေခံ၍ CCPI 2022 ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာ့ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု၏ ၉၂ ရာခိုင်နှုန်းပါဝင်သော အဆိုပါ နိုင်ငံများ၏ ဆောင်ရွက်ချက်ကို အုပ်စု ၄ မျိုးဖြင့် အကဲဖြတ်ရာတွင် ဖန်လုံအိမ်ဓာတ်ငွေ့ ထွက်ရှိစေခြင်း၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အသုံးချခြင်း၊ စွမ်းအင်အသုံးပြုမှုနှင့် ရာသီဥတုထိန်းသိမ်းရေးဆိုင်ရာ မူဝါဒများအပေါ် တွက်ချက်ခြင်း ဖြစ်သည်။

ကမ္ဘာ့ဖန်လုံအိမ် ထုတ်လွှတ်မှု၏ ၇၅ ရာခိုင်နှုန်းအတွက် တာဝန်ရှိသည့် စက်မှုထိပ်သီးနိုင်ငံ ၂၀ () များ၏ အဆင့်များမှာ ဗြိတိန်သည် အဆင့် ၇၊ ဂျာမနီ အဆင့် ၁၃ ၊ ပြင်သစ် အဆင့် ၁၇ ဖြင့် အကောင်းဆုံး

ဆောင်ရွက်သည့် နို်ငငံများစာရင်းတွင်ပါဝင်ပြီး ဆော်ဒီအာရေဗျက အဆင့် ၆၃ တွင်ရှိကာ G20 နိုင်ငံများအနက် အောက်ဆုံးအဆင့်တွင် ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly