ကနဦးရှယ်ယာများရောင်းချရန် ကမ်းလှမ်းမှုသည် ဈေးနှုန်းအောက် ကျဆင်းသွားသဖြင့် တရုတ်ရင်းနှီးမြှုပ်နှံသူများ ဝယ်ယူမှုလျော့ချ

By Yicai Global
16 November 2021
ကနဦးရှယ်ယာများရောင်းချရန် ကမ်းလှမ်းမှုသည် ဈေးနှုန်းအောက် ကျဆင်းသွားသဖြင့် တရုတ်ရင်းနှီးမြှုပ်နှံသူများ ဝယ်ယူမှုလျော့ချ

တရုတ်ပြည်မကြီးမှ စတော့ကုန်စည်ဒိုင် ၂ခုတွင် ပိုမိုသက်သာလွယ်ကူသော စာရင်းသွင်းမှုစနစ်ဖြင့် ကနဦးရှယ်ယာ အများပြည်သူသို့ရောင်းချမှု (IPOs) တိုးတက်လာခြင်းကြောင့် ရှယ်ယာဈေးနှုန်းများ သတ်မှတ်ဈေးနှုန်းထက် ကျဆင်းသွားကာ တရုတ်ရင်းနှီးမြှုပ်နှံသူက ကြိုတင်ပြီး ရှယ်ယာများ ဝယ်ယူရန် စာရင်းသွင်းမှုများကို အများအပြား ပယ်ဖျက်ခဲ့ကြောင်း Securities Times က နိုဝင်ဘာ ၉ရက်တွင် ဖော်ပြခဲ့သည်။

ရှယ်ယာအသစ်စာရင်းသွင်းမှုအတွက် ရှန်ဟိုင်းကြယ်ပွင့်ဈေးကွက်တွင် ဖွင့်လှစ်ထားသည့် အကောင့်အသစ် အရေအတွက်သည် အောက်တိုဘာလတွင် ၁၆ ရာခိုင်နှုန်းဖြစ်သည့် ၅ သန်းအထိ ကျဆင်းသွားပြီး ရှန်ကျန်း၏ ChiNextဈေးကွက်တွင် ၁၃ ရာခိုင်နှုန်းဖြစ်သည့် ၁၃ သန်းအထိ ကျဆင်းသွားကြောင်း အစီရင်ခံစာက ဆိုသည်။

စမတ်ဖုန်း တပ်ဆင်သည့် လုပ်ငန်းဖြစ်သော Qiangrui Precision Technology သည် အောက်တိုဘာ ၃ ရက်တွင် အများ ပြည်သူသို့ ရောင်းချရန် သတ်မှတ်ထားသော်လည်း အဆိုပါကာလ မတိုင်မီ မှတ်ပုံတင်မှု အခြေခံစနစ်နောက်ပိုင်း အမြင့်ဆုံး အချိုးဖြစ်သည့် ရှယ်ယာ ၂ ဒသမ ၇၆ ရာခိုင်နှုန်းကို ရင်းနှီးမြှုပ်နှံသူများက မဝယ်ယူတော့ပေ။

အိုင်တီကုမ္ပဏီ Tianyima Information Industry သည် အောက်တိုဘာလ ၄ရက်တွင် ကနဦးရှယ်ယာ အများပြည်သူသို့ရောင်းချမှု မပြုခင် ၂ ဒသမ ၂၆ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပြီး အနည်းငယ်သာ အခြေအနေ ကောင်းမွန်ခဲ့သည်။

ယင်းတို့သည် ၂၀၁၀ ပြည့်နှစ်နောက်ပိုင်း ပြည်မကြီးဈေးကွက်အားလုံးတွင် ဒုတိယနှင့် တတိယအမြင့်ဆုံး ပယ်ဖျက်မှုလည်းဖြစ်ကြောင်း အစီရင်ခံစာက ဆိုသည်။

အောက်တိုဘာ ၂၁ နှင့် နိုဝင်ဘာ ၅ ရက်ကြားတွင် စတော့ကုန်စည်ဒိုင် ၂ ခုတွင် ကုမ္ပဏီ ၁၈ ခု၏ ထက်ဝက် သည် ယင်းတို့၏ ကနဦးရှယ်ယာများ အများပြည်သူသို့ရောင်းချမှုဈေးနှုန်းသည် သတ်မှတ်ဈေးနှုန်းအောက် ကျဆင်းသွားသည့်အတွက် ရင်းနှီးမြှုပ်နှံသူများသည် ဝယ်ယူမည်မဟုတ်သည်မှာ သံသယဖြစ်ဖွယ်မရှိပေ။

စတော့အသစ်များသည် ယခုနှစ်တွင် ပျမ်းမျှ ၁၂ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။

အဆိုပါဖြစ်စဉ်သည် အစုရှယ်ယာများ အလွန်အကျွံဈေးတက်ခြင်းနှင့် သက်ဆိုင်ဖွယ်ရှိကြောင်း China Merchants Securities မှ ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly