အိန္ဒိယနယ်စပ်ရွာကို တရုတ်တို့က ၁၉၅၉ ခုနှစ်တွင် သိမ်းယူထားခဲ့ပြီး ရွာကြီးတည်ဆောက်ထားခဲ့ကြောင်း ပင်တဂွန်စစ်ဌာနချုပ် အစီရင်ခံစာတွင် ဖော်ပြ

အိန္ဒိယနယ်စပ်ရွာကို တရုတ်တို့က ၁၉၅၉ ခုနှစ်တွင် သိမ်းယူထားခဲ့ပြီး ရွာကြီးတည်ဆောက်ထားခဲ့ကြောင်း ပင်တဂွန်စစ်ဌာနချုပ် အစီရင်ခံစာတွင် ဖော်ပြ

အမေရိကန်နိုင်ငံ၊ ပင်တဂွန်စစ်ဌာနချုပ်၏ အစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားသည့် ‘အိမ်ခြေ ၁၀၀ ကျေးရွာကြီး’ ကို အာရွန်နချယ်ပရာဒေ့ရှ်ရှိ အာသံရိုင်ဖယ်စခန်းအား ၁၉၅၉ ခုနှစ်တွင် သိမ်းယူခဲ့သည့် တရုတ် ပြည်သူ့ လွတ်မြောက်ရေးတပ် (PLA) က လွန်ခဲ့သည့် လွန်ခဲ့သော နှစ်များက တည်ဆောက်ခဲ့ကြောင်း အိန္ဒိယလုံခြုံရေးဆိုင်ရာ ရင်းမြစ်များက ရှင်းလင်းဖော်ပြထားသည်။

ကွန်ဂရက်သို့ တင်သွင်းသည့် အမေရိကန်ကာကွယ်ရေးဌာန၏ အစီရင်ခံစာတွင် တရုတ်က တိဗက်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသနှင့် အိန္ဒိယနိုင်ငံ၏ အာရွန်နချယ် ပရာဒေ့ရှ်အကြားရှိ အငြင်းပွားနယ်မြေတွင် အိမ်ခြေ ၁၀၀ ကျေးရွာကြီးကို ၂၀၂၀ ပြည့်နှစ်က တည်ဆောက်ခဲ့ကြောင်း ဖော်ပြထားသည်။

အဆိုပါ ကျေးရွာကို တရုတ်တို့က ထိန်းချုပ်ထားသည့် အာရွန်နချယ်ပရာဒေ့ရှ်ဒေသ အထက်ဆုဘန်ဆီရီ ခရိုင် အငြင်းပွားနယ်စပ်တွင် တည်ဆောက်ထားခြင်း ဖြစ်ကြောင်း ရင်းမြစ်များက ပြောကြားသည်။

“နှစ်ပေါင်းများစွာကတည်းက တရုတ်စစ်က ဒီဒေသမှာ စစ်စခန်းတစ်ခုကို တည်ဆောက်ထားပြီး ကာလတိုအတွင်းမှာတော့ အဆောက်အအုံ အမျိုးမျိုးကို တည်ဆောက်ခဲ့ပါတယ်” ဟု ရင်းမြစ်များက ပြောသည်။

တရုတ်က နယ်စပ်တစ်လျှောက်တွင် ပြဿနာများကို ဆက်တိုက်လုပ်ဆောင်ခြင်းကြောင့် နှစ်ပေါင်း ၄၅ နှစ်အတွင်း အဆိုးရွာဆုံး တိုက်ခိုက်မှုများ လာဒက်ဂယ်ဝေး တောင်ကြားတွင် ၂၀၂၀ ပြည့်နှစ် ဇွန်လအတွင်းက ဖြစ်ပွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly