တရုတ်နယ်စပ်မြို့တွင် ကိုဗစ်-၁၉ ဖြစ်ပွားမှု မြင့်တက်လာသောကြောင့် မြောက်ကိုရီးယားနှင့် ကုန်တင်ရထားပြေးဆွဲမှု ပြန်လည်ရပ်ဆိုင်း

တရုတ်နယ်စပ်မြို့တွင် ကိုဗစ်-၁၉ ဖြစ်ပွားမှု မြင့်တက်လာသောကြောင့် မြောက်ကိုရီးယားနှင့် ကုန်တင်ရထားပြေးဆွဲမှု ပြန်လည်ရပ်ဆိုင်း

မြောက်ကိုရီးယား၏ ရှင်နူဂျူးဒေသနှင့် ကပ်နေသည့် ရူလူမြစ်နံဘေးမှ တရုတ်နယ်စပ်မြို့ ဒန်ဒေါင်းတွင် ကိုဗစ်-၁၉ ကူးစက်မှု မြင့်တက်ခဲ့သောကြောင့် နှစ်နိုင်ငံအကြား ယခုလအစောပိုင်းက စတင်ခဲ့သည့် ကုန်တင်ရထားပြေးဆွဲမှုကို ၈ ရက်အကြာတွင် ပြန်လည် ရပ်နားလိုက်သည်။

ကိုဗစ်ကပ်ရောဂါ စတင်ခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလတွင် တရုတ်နှင့် မြောက်ကိုရီးယားတို့အကြား မိုင် ၈၈၀ ရှ ည်လျားသည့် နယ်စပ်တစ်လျှောက်ကို ပိတ်ပစ်ကာ ရောဂါကူးစက်မှုကို ကာကွယ်ရန်

နယ်စပ်ကုန်သွယ်ရေးကိုလည်း ရပ်ဆိုင်းခဲ့သဖြင့် တရုတ် သွင်းကုန်ပစ္စည်းများကို ဝယ်ယူရောင်းချမှုအပေါ် အားထားနေရသည့် ပေါ်ထွန်းစ ဈေးကွက်စီးပွားရေးကို များစွာ အထိနာစေခဲ့သည်။ တင်သွင်းသည့် စားသောက်ကုန်များ၊ ဓာတ်မြေဩဇာများနှင့် ပစ္စည်းများ ပြတ်လပ်မှုကြောင့် စားသောက်ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်ခဲ့သည်။

ရပ်ဆိုင်းထားသည့် ကုန်တင်ရထားပြေးဆွဲမှုကို နိုဝင်ဘာ ၁ ရက်တွင် ပြန်လည် စတင်ခဲ့ခြင်းကြောင့် အရေးတကြီး လိုအပ်နေသည့် ကုန်ပစ္စည်းများ ပြန်လည်ဝင်ရောက်တော့မည်ဟု များစွာ မျှော်လင့်ခဲ့သော်လည်း တရုတ်နယ်စပ်မြို့တွင် ယခုကဲ့သို့ ကိုဗစ်-၁၉ ပြန်လည်ဖြစ်ပွားခြင်းကြောင့် ရထားလမ်းကို ပြန်ပိတ်ခဲ့ရသည်။

“သောကြာနေ့ကစပြီးတော့ ကိုရိုနာဗိုင်းရပ်စ် အရေးပေါ် အသွားအလာကန့်သတ်မှုကို ဒန်ဒေါင်းမြို့မှာ ချမှတ်ခဲ့ရတယ်” ဟု အဆိုပါမြို့တွင် နေထိုင်သူတစ်ဦးက RFA သတင်းဌာန၏ ကိုရီးယားဘာသာအစီအစဉ်သို့ ပြောကြားခဲ့သည်။

“ရောဂါဖြစ်ပွားမှုကြောင့် အများပိုင် သယ်ယူပို့ဆောင်ရေး လုပ်ငန်းအားလုံး ရပ်ဆိုင်းခဲ့ရကာ နှစ်နိုင်ငံ နယ်စပ်အကောက်အခွန်ရုံးများတွင်လည်း မီးနီထွန်းချက်ပြ၍ ရပ်နားထားရပါတယ်” ဟု အမည်မဖော်လိုသူ သတင်းရင်းမြစ်တစ်ဦးက ပြောကြားသည်။

“ဒန်ဒေါင်းမြို့ အုပ်ချုပ်ရေးအဖွဲ့ကလည်း စားသောက်ဆိုင်များ၊ အနှိပ်ခန်းများ၊ အင်တာနက်ကဖေးများ၊ မာကျောက်ကစားခန်းများ၊ ဂိမ်းကစားသည့် အခန်းများနှင့် ချွေးထုတ်ခန်းများကဲ့သို့ စီးပွားရေး လုပ်ငန်းတွေကို ပိတ်ထားလိုက်ပါတယ်” ဟု အဆိုပါ သတင်းရင်းမြစ်က ပြောသည်။

“စားသောက်ဆိုင်တွေမှာလည်း ဧည်သည့်အရေအတွက်၊ ဆိုင်ဖွင့်ရောင်းချချိန်တို့ကို ကန့်သတ်ထားသလို ရဲတွေကလည်း လူစုလူဝေးနဲ့ အသွားအလာလုပ်တာတွေကို တားမြစ်ထားပါတယ်” ဟု ၎င်းက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly