တရုတ်ကုမ္ပဏီက ဗုဒ္ဓဆင်းတုအား မှားယွင်းစွာပုံဖော်သဖြင့် လာအို၌ တရုတ်ဆန့်ကျင်ရေးစိတ်ဓာတ်များ မြင့်တက်လာ

By Today News Post
16 November 2021
တရုတ်ကုမ္ပဏီက ဗုဒ္ဓဆင်းတုအား မှားယွင်းစွာပုံဖော်သဖြင့် လာအို၌ တရုတ်ဆန့်ကျင်ရေးစိတ်ဓာတ်များ မြင့်တက်လာ

လာအိုနိုင်ငံ ဗီယင်ကျန်းမြို့ မဲခေါင်မြစ်ကမ်းပါးပေါ်ရှိ အထူးစီးပွားရေးဇုန်များအနီးတွင် အမေရိကန်ဒေါ်လာ ၅ ဘီလီယံကုန်ကျသော ဉာဏ်တော် ၁၀၀ မီတာအမြင့်ရှိ ဗုဒ္ဓ ဆင်းတုကို တည်ဆောက်သည့်ရှန်ဟိုင်းအခြေစိုက် Wang Feng Shanghai Real Estate Co အပေါ် မကျေနပ်၍ တရုတ်ဆန့်ကျင်ရေး သဘောထားများ ပေါ်ပေါက်လာသည်။

တင်ပျဉ်ခွေဗုဒ္ဓ ဆင်းတုတော်များ တည်ထားကိုးကွယ်ကြသည့် လာအိုရှိ ထေရဝါဒဗုဒ္ဓဘာသာကျောင်းများနှင့် မတူညီဘဲ အဆိုပါဗုဒ္ဓရုပ်ပွားတော်အား မဟာယနအသွင် ပုံဖော်ထားသဖြင့် လာအိုဗုဒ္ဓဘာသာအယူပေါ် အနိုင်ယူသည်ဟု ကုမ္ပဏီကိုစွပ်စွဲကာ လူမှုမီဒီယာပေါ်၌ အမျက်ဒေါသများ ဖော်ပြခဲ့ကြသည်။

အဆိုပါ ရုပ်ပွားတော်သည် အထပ်နိမ့် အဆောက်အအုံ ဧရိယာတွင် အမြင့်ဆုံးဖြစ်ကာ ၎င်း၏ တည်နေရာသည် လာအို အချုပ်အခြာအာဏာ၏ သင်္ကေတအဖြစ် တည်ရှိနေသည့် ရွှေချထားသည့် ဖတက်လွမ်စေတီအနီးတွင် တည်ရှိသည်။

“လာအိုဗုဒ္ဓဘာသာအပေါ်အနိုင်ယူတယ်ဆိုပြီးသူတို့က တရုတ်တွေကို စွပ်စွဲနေကြတာပါ။ခရီးသွားလုပ်ငန်းကိုဆွဲဆောင်ဖို့That Muang Marsh SEZ အထူးစီးပွားရေးဇုန်မှာ ကြီးမားတဲ့ ရုပ်ပွားတော်တစ်ဆူတည်လိုက်တာတာက လက်မခံနိုင်စရာပါ။ လာအိုဟာကမ္ဘောဒီးယားနဲ့ ထိုင်းနိုင်ငံတို့နဲ့မခြားဘဲ အမျိုးသားရေးစိတ်ဓာတ်ပြင်းထန်တဲ့အမူအကျင့်ရှိပြီး ဒါကိုဗုဒ္ဓရုပ်ပွားတော် တည်တဲ့ပုံစံတွေကိုကြည့်ရင် သိသာထင်ရှားပါတယ်။ ဘုရားကျောင်းတွေထဲမှာဗုဒ္ဓရုပ်ပွားတော်တည်တဲ့အခါ (Lan Xang Style) လို့သိကြတဲ့ကို လာအိုစတိုင် လိုက်နာဖို့ လိုအပ်ပါတယ်” ဟု ဘန်ကောက်အခြေစိုက် ချုလာလောင်ကွန်းတက္ကသိုလ်မှ မဲခေါင်လေ့လာရေးစင်တာ ဒါရိုက်တာ အာဒီဆွန်ဆမ်ယာအမ်က ဆိုသည်။

၂၀၂၀ ပြည့်နှစ်က တရုတ်ကုမ္ပဏီတစ်ခုသည် ဗီယင်ကျန်းမြို့တွင် ၎င်းတို့ဆောက်ထားသော ဓာတ်တိုင်များတွင် အနီရောင်မီးအိမ်များ ချိတ်ဆွဲသည့်အတွက် လူမှုမီဒီယာပေါ်တွင် ဒေါသတကြီးကန့်ကွက်မှုများဖြစ်ပေါ်လာပြီးနောက် ၎င်းမီးအိမ်များကို ဖယ်ရှားရန်ဖိအားပေးခံခဲ့ရသည်။

နောက်ထပ်ဖြစ်စဉ်တစ်ခုမှာ လာအိုနိုင်ငံရှိ Lao Kalem ရွှေတူးဖော်ရေးစီမံကိန်းကို ၂၀၂၀ခုနှစ်မှ စတင်ကာ ၁၅နှစ်ခွင့်ပြုချက်ဖြင့် လုပ်ကိုင်နေသော တရုတ်ကုမ္ပဏီတစ်ခုသည် ဆစ်ကောင်ပြည်နယ် (လာအိုတောင်ပိုင်း)ရှိ မြစ်များအတွင်းသို့ အန္တရာယ်ရှိသော စွန့်ပစ်ပစ္စည်းများကို စွန့်ထုတ်သဖြင့် ငါးများသေဆုံးကာ ဒေသခံများ အသုံးပြုသည့် ရေကို ညစ်ညမ်းစေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly