တရုတ်ရင်းနှီးမြှုပ်နှံမှုများသည် နီပေါ နိုင်ငံအကျိုးစီးပွားကို ထိခိုက်စေသောကြောင့် ဆန့်ကျင်မှုများနှင့် ရင်ဆိုင်နေရ

တရုတ်ရင်းနှီးမြှုပ်နှံမှုများသည် နီပေါ နိုင်ငံအကျိုးစီးပွားကို ထိခိုက်စေသောကြောင့် ဆန့်ကျင်မှုများနှင့် ရင်ဆိုင်နေရ

အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်မှုနှင့်ပတ်သက်သည့် တရုတ်၏ ကတိကဝတ်များသည် ပေးထား သည့်ကတိများ အတိုင်းမဟုတ်ဘဲ နီပေါအကျိုး စီးပွားကို ထိခိုက်စေပြီး တရုတ်ကိုသာ အကျိုးဖြစ်ထွန်းစေကြောင်း အများအပြားက ရှုမြင်ကြသဖြင့် နီပေါနိုင်ငံရှိ တရုတ်ရင်းနှီးမြှုပ်နှံမှုများသည် ပြည်သူများ၏ ဆန့်ကျင်မှုများနှင့် ရင်ဆိုင် နေရသည်ဟု သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

နီပေါနိုင်ငံ ဒါချူလာခရိုင်တွင် တရုတ်က တည်ဆောက်ခဲ့သည့် ချာမလီယာ ရေအားလျှပ်စစ်စီမံကိန်းသည် စီမံကိန်းအကောင်အထည်ဖော်မှုကြန့်ကြာခြင်းအပါအဝင် ခန့်မှန်းထားသည်ထက် ပိုမိုကုန်ကျခြင်း စသည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ခဲ့ရကြောင်း The Singapore Post ၏ သတင်းတွင် ဖော်ပြထားသည်။

တရုတ်က ဆောက်လုပ်သည့် ၃၀ မဂ္ဂါဝပ် ချာမလီယာ ရေအားလျှပ်စစ်စီမံကိန်းသည် ကုန်ကျစရိတ်အများဆုံး စီမံကိန်းများထဲမှ တစ်ခုဖြစ်သည်။

“ယင်းရေလွှဲစနစ်စီမံကိန်းကို ၂၀၁၀ပြည့်နှစ်တွင် စတင်ခဲ့ပြီး ၃ နှစ်အတွင်း အပြီးတည်ဆောက်ရန် ရည်မှန်းထား သော်လည်း ၁၀နှစ်ကြာခဲ့သည်။ ချာမလီယာ၏ ကုန်ကျစရိတ်မှာ နီပေါရူပီး ၆ ဒသမ ၁၆ သန်းအထိ မြင့်တက်ခဲ့ သည်။ နောက်ပိုင်းတွင်၊ စီမံကိန်းအတွက် တည်ဆောက်ရေးကန်ထရိုက်တာအဖြစ် ဆောင်ရွက်နေသည့် တရုတ် ကုမ္ပဏီ China Gezhouba Group (CGGC) သည် ရေအားလျှပ်စစ်စီမံကိန်းနှင့်ပတ်သက်၍ နီပေါနှင့် ပြဿနာ များစွာကို ဖြစ်ပေါ်ခဲ့သည်” ဟု The Singapore Post တွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံသည် အိမ်နီးနားချင်းနိုင်ငံငယ်များထံမှ မည်ကဲ့သို့ အကျိုးအမြတ်ရယူရမည်ကို သိရှိကြောင်း လည်း သတင်းတွင် ရေးသားထားသည်။

၂၀၁၄ခုနှစ်တွင် CGGC သည် ၁၈ လနီးပါးအလုပ်ရပ်ဆိုင်းခဲ့ပြီးနောက် နီပေါလျှပ်စစ်အာဏာပိုင်အဖွဲ့(NEA) ထံမှ ဥမင်လိုဏ်ကြောင့် ဆောက်လုပ်ရေးကုန်ကျစရိတ်များ မြင့်တက်လာခဲ့သဖြင့် နီပေါရူပီးငွေ ၁ ဒသမ ၁ ဘီလီယံ ထပ်မံတောင်းခံခဲ့သည်။

ယင်းစီမံကိန်းသည် ၂၀၁၈ခုနှစ်တွင် ပြီးစီးသည့်အခါ ကုန်ကျစရိတ်သည် နီပေါရူပီးငွေ ၁၆ ဘီလီယံ အထိမြင့်တက်ခဲ့သည်။

ထူးထူးခြားခြား၊ ၁ မဂ္ဂါဝပ်ဈေးနှုန်းဖြင့် တွက်ချက်လျှင်ပင် ချာမလီယာ ရေအားလျှပ်စစ်စီမံကိန်းသည် အလွန် ဈေးကြီးသည်။ ပုဂ္ဂလိကကဏ္ဍကုမ္ပဏီများသည် ၁ မဂ္ဂါဝပ်လျှင် ရူပီးငွေသန်း ၁၈၀ဖြင့် ရေအားလျှပ် စစ်စီမံကိန်းများကို လုပ်ကိုင်နိုင်စဉ် CGGC သည် ချာမလီယာအတွက် ၁ မဂ္ဂါဝပ်လျှင် ရူပီးငွေ ၅၄၀ သန်း ဈေးနှုန်း ၃ ဆခန့် ပိုမိုတောင်းဆိုထားကြောင်း Singapore Post သတင်းတွင် ဖော်ပြထားသည်။

အလားတူ ၂၀၁၇ ခုနှစ်တွင် နီပေါအစိုးရသည် အမေရိကန်ဒေါ်လာ ၄၄ ဒသမ ၆ သန်း ကုန်ကျမည့် ဘုတ်ဂန်ဒါ ကီရေအားလျှပ်စစ်စီမံကိန်းအတွက် Gezhouba Group နှင့် သဘောတူညီချက်ကို ဖျက်သိမ်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly